DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
DVB
·
December 6, 2020
ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့က Test Kit နဲ့ ၅ ဦးကို စစ်ဆေးရာမှ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့ခဲ့တာဖြစ်ပြီး ခန္တီးမြို့နယ် နန်းစီပွန်ကို အလုပ်လုပ်ဖို့ လာသူတွေလို့ ခန္တီးဆေးရုံအုပ်ကြီး ဒေါ်နန်းမြက်မြက်မွှေးက ပြောပါတယ်။

“အခု ကိုဗစ်ပိုးတွေရှိခဲ့သူတွေက မန္တလေးတိုင်း စဉ့်ကိုင်မြို့ကနေ ခန္တီးနန်းစီပွန် ခိုင်နန်းရွှေကုမ္ပဏီက အလုပ်လုပ်ဖို့ ခေါ်ယူခဲ့တဲ့ လုပ်သားဖြစ်ပါတယ်။ သူတို့ ၅ ဦး စစ်ကိုင်းကို ခန္တီးကား နဲ့ လာခဲ့တာပါ။ ဒီဇင်ဘာလ ၅ ရက်နေ့ညက ခန္တီးကိုရောက်ခဲ့တယ်။ ရောက်တာနဲ့ ကွာရန်တင်း စင်တာမှာ ထားခဲ့ပါတယ်။ မနက်မှ RDT Test Kit နဲ့ စစ်ဆေးပြီး ၅ ဦးထဲက Positive ၁ ဦးတွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။

ကျန် ၄ ဦးကို ပြန်စစ်သွားမှာဖြစ်ပြီး ပို့တွေ့လူနာကိုတော့ နတလကျောင်း ကွာရန်တင်း စင်တာကနေ ဆေးရုံခေါ်ဆောင်ကုသပေးဖို့ လုပ်နေတယ်လို့ ပြောပါတယ်။

အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013