DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေဖောင်သတင်းယူသူများ အသက်အန္တရာယ်  ခြိမ်းခြောက်ခံရ
DVB
·
December 6, 2020
ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေဖောင်သတင်းယူသူများ အသက်အန္တရာယ်  ခြိမ်းခြောက်ခံရ
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တာလောကြီးကျေးရွာ နဲ့ လင်းခင်းကျေးရွာကြား  ဧရာဝတီမြစ်အတွင်း  ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက တရားမဝင်တူးဖော်နေတဲ့ ရွှေဖောင်လုပ်ငန်းတွေကို သွားရောက်ရိုက်ကူးခဲ့တဲ့ သတင်းမီဒီယာသမားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မီဒီယာသမားတွေဟာ တရားမဝင် ရွှေဖောင်လုပ်ငန်းတွေကို သွားရောက် သတင်းယူရာမှာ ရွှေဖောင် ၁၀ စီးလောက် အစုလိုက်အဖွဲ့လိုက် အရှိန်တင်  မောင်းလိုက်လာကြတဲ့အတွက် သတင်းသမားတွေရဲ့ စက်လှေတိမ်းမှောက်မလို ဖြစ်ခဲ့ရတယ်လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။ 

သတင်းသမားတွေ တရားမဝင်ရွှေဖောင် သတင်းဓာတ်ပုံတွေ မရယူနိုင်အောင် အသက်အန္တာရာယ်ပြုတာလို့ ဒေသခံတွေကဆီကနေ ပြန်ကြားကြောင်း Voice of Malikha News Agency ရဲ့ သတင်းထောက် မိုးမိုးဝေက DVBကို ပြောပါတယ်။ 

ဒါ့အပြင် တာလောကြီးကျေးရွာက မီဒီယာအဖွဲ့ဆိုပြီး သတင်းသမားတွေကို တင်ဆောင်လာတဲ့ စက်လှေသမားအား ခေါ်ဆောင်သွားပြီး ခြိမ်းခြောက်ခဲ့သလို သတင်းသမားတွေကိုလည်း အဖွဲ့လိုက် လမ်းမှာလက်စဖျောက်လိုက်ရမှာလို့ ပြောဆိုကြောင်း စက်လှေသမားကလည်း ပြန်ပြောပါတယ်။ 

တာလောကြီးကျေးရွာနဲ့ လင်းခင်းကျေးရွာကြား ဧရာဝတီမြစ်အတွင်းမှာ တရားမဝင် ရွှေဖောင်လုပ်ငန်း လုပ်ကိုင်တဲ့ သင်္ဘော အစီး ၃၀၀ လောက်ရှိပြီး သက်ဆိုင်ရာကို လာဘ်ငွေပေးကာ တရားမဝင်ရွှေတူးဖော်နေကြတယ်လို့ သိရပါတယ်။ 

ရံဖန်ရံခါ လာရောက်ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ဆက်လက် တူးဖော်နေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ 

တရားမဝင်ရွှေဖောင်တွေကြောင့် မြစ်ကမ်းပါးပြိုတာ၊  သီးနှံ့ခင်းတွေ ရေဝင်ပျက်စီးတာ၊ မြစ်ကောတာတွေကြောင့် ရေလမ်းကြောင်း ပြောင်းလဲတာတွေ ဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်ကို အမှီပြု ဝမ်းစာရှာရသူတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။ 

ထူးထူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013