DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံ မြို့နယ် ၃၀ ထိ ရှိလာ
DVB
·
December 5, 2020
တနိုင်ငံလုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံ မြို့နယ် ၃၀ ထိ ရှိလာ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ် ၃၀ ထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ မြို့နယ် ၃၀ ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၅ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၆ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၈ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေဖြစ်ပြီး ၄,၇၉၉ ယောက်၊ ၄၇၅၇ ယောက်နဲ့ ၄,၀၁၈ ယောက်စီ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်တဲ့  အင်းစိန်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၃,၇၆၁ ယောက်၊ ၃,၆၄၁ ယောက်၊ ၃,၀၅၅ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၆ ခုဖြစ်တဲ့ ရွှေပြည်သာ၊ လှိုင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၉၄၃ ယောက်၊ ၂,၅၁၁ ယောက်၊ ၂,၄၆၄ ယောက်၊ ၂,၄၆၁ ယောက်၊ ၂,၄၂၉ ယောက်၊ ၂,၃၃၁ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၃ ခုဖြစ်တဲ့ ကမာရွတ်၊ သာကေတ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မှော်ဘီ၊ ဒလ၊ ဗဟန်း၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေ ပါဝင်နေတာပါ။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိလာတဲ့ မြို့နယ် ၅ ခုရှိလာပြီဖြစ်ကာ အဲဒီမြို့နယ်တွေကတော့ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံမြို့နယ်၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့နဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လကျော်ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၉၆,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၉၆,၅၂၀ ယောက်၊ သေဆုံးသူ ၂,၀၅၉ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၇၄,၉၇၃ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၇၀,၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၆,၀၀၀ ကျော်နဲ့ ၅,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁  သန်းခွဲကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၅ ဒသမ ၈ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013