DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၅၂၅ ဦးရှိလာ
DVB
·
December 5, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၅၂၅ ဦးရှိလာ
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ပိုးတွေ့လူနာ ၁၃ ဦးကတော့ အောင်လံမြို့က ၈ ဦး၊ ချောက်မြို့က ၄ ဦးနဲ့ သရက်မြို့က ၁ ဦးတို့ ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေအနက် အောင်လံက ၅ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိ တာကြောင့်  အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး ကျန်သူတွေကတော့  ရန်ကုန်ပြန်နဲ့ စစ်တွေက ပြန်လာသူတွေဖြစ်ပြီး Quarantine Centre တွေကဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၅ ရက် မနက်အထိ ကိုဗစ်-၁၉  အတည်ပြုလူနာ ၁၅၂၅ ဦး၊ သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013