DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အရန်မီးသတ် တပ်ကြပ်ကြီး ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
DVB
·
December 5, 2020
မန္တလေးတွင် အရန်မီးသတ် တပ်ကြပ်ကြီး ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
Donate to DVB

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်နေရတဲ့ အရန်မီးသတ်စခန်းမှ တပ်ကြပ်ကြီး ၁ ဦး ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီလောက်က သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ချမ်းအေးသာစံမြို့နယ် ကျောက်ဆစ်မီးသတ်စခန်းက ၆၁ နှစ်အရွယ် တပ်ကြပ်ကြီးဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ကာ  သွေးတိုးရောဂါ အခံရှိသူဖြစ်တယ်လို့ ကန်တော်နဒီဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦးက ပြောပါတယ်။

သေဆုံးသူ အရန်မီးသတ် တပ်ကြပ်ကြီးကို ကိုဗစ်စည်းမျည်းတွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဆီးချိုရောဂါ အခံရှိတဲ့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့  အသက် ၄၄ နှစ်အရွယ် ရဲတပ်ကြပ်တစ်ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့ပါသေးတယ်။

မန္တလေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၆၇၅၃ ဦးရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာတင် အတည်ပြုလူနာ ၅၄၂၁ ဦးရှိပါတယ်။ 

သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၆၇ ဦးထိရှိပြီး လက်ရှိ ဆေးရုံတက်နေရသူကတော့ ၂၃၀၄ ဦး ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013