DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ရန် စာရင်းကောက်နေ
DVB
·
December 4, 2020
ရန်ကုန်တွင် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ရန် စာရင်းကောက်နေ
Donate to DVB

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါအဖြစ်များတဲ့ ရပ်ကွက်တွေမှာသာ ကွက်ပြီး Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ စာရင်းကောက်ယူမှုတွေလုပ်နေတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှူး  ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေအားလုံးမှာ Stay at home အစီအစဉ် သတ်မှတ်ထားရာကနေ ရောဂါအဖြစ်များတဲ့ရပ်ကွက်တွေအလိုက်သာ Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ လုပ်ဆောင်နေတာပါ။

ရပ်ကွက်အလိုက် Stay at home အစီအစဉ်ပြောင်းလဲသတ်မှတ်ဖို့ ရောဂါကူးစက်မှု အခြေအနေတွေ၊ အသက် ၆၀ နဲ့အထက် ရောဂါဖြစ်ပွားမှုတွေအပေါ်မူတည်ပြီး သတ်မှတ်မှာ ဖြစ်တာကြောင့် စာရင်းကောက်ယူနေတယ်လို့ ဒေါက်တာထွန်းမြင့် က ပြောပါတယ်။

ရန်ကုန်တိုင်းရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကို ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ ရောဂါထိန်းချုပ်ရေးအပေါ် ထိန်းညှိလုပ်ဆောင်နေရပြီး စားသောက်ဆိုင်တွေ ဖွင့်ခွင့်မပြုထားသလို ရန်ကုန်က ဘုရားစေတီတွေလည်း ဖွင့်ဖို့က အချိန်လိုဦးမယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကြပ်တည်းလို့ အပြင်ထွက်ဖို့လိုအပ်သူတွေနဲ့ မဖြစ်မနေဆိုင်ဖွင့်မှရမယ့်သူတွေကလည်း ကျန်းမာရေးစည်းကမ်းချက်တွေ လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့  ဦးနိုင်ငံလင်းက အကြံပြုထားပါတယ်။

နိုင်ငံတကာမှာ ကျန်းမာရေးနဲ့စီးပွားရေးပြဿနာကို ချိန်ညှိပြီး လုပ်ဆောင်နေရသလို ကျန်းမာရေးကိုအလွတ်ပေးလို့လည်း မရသေးဘူးလို့ UMFCCI ကုည်သည်စက်မှု အသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း Stat at home အစီအစဉ်ဖြေလျှော့မယ်ဆိုရင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှာဖြစ်ပြီး ဘယ်အတိုင်းအတာအထိ ဖြေလျှော့မယ်ဆိုတာ တိတိကျကျထုတ်ပြန်ဖို့လိုမယ်လို့ ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။

ရန်ကုန်မြို့မှာ  ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ကူးစက်မှုမြင့်တက်လာတာကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းက ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ် ၄၄ မြို့နယ်ကို Stay at home အစီအစဉ် ပြန်လည်သတ်မှတ်ထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013