DVB Logo
Home
မြန်မာသတင်း
မြန်မာက အာရှဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၅ ဖြစ်လာ
DVB
·
December 4, 2020
မြန်မာက အာရှဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၅ ဖြစ်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂,၀၀၀ ကျော်ရှိလာပြီးနောက် အာရှဒေသတွင်း သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၅ နေရာကို ရောက်ရှိနေပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁ သန်းခွဲကျော်လာခဲ့ပြီဖြစ်ကာ သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အ မေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဖြစ်ကြပြီး သေဆုံးသူအရေအတွက် ၂၈၂,၄၀၅ ယောက်၊ ၁၇၅,၂၇၀ ယောက်၊ ၁၃၉,၁၀၂ ယောက်နဲ့ ၁၀၇,၅၆၅ ယောက်စီ သေ ဆုံးခဲ့ရတာပါ။

အာရှဒေသတွင်းရောဂါကူးစက်ခံရတဲ့ နိုင်ငံ ၄၉ နိုင်ငံထဲမှာတော့ သေဆုံးမှု အများဆုံး အိန္ဒိယနိုင်ငံပြီးရင် ရောဂါကူးစက်မှု သန်းချီရှိလာခဲ့တဲ့ အီရန်၊ အင်ဒိုနီးရှား၊ တူရကီနဲ့ အီရတ်နိုင်ငံတွေက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အမြင့်ဆုံး ၅ နိုင်ငံအဖြစ် ရပ် တည်နေပါတယ်။

အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၉,၃၄၈ ယောက်နဲ့ ကူးစက်ခံရသူစု စုပေါင်း ၁ သန်းကျော်၊ အင်ဒိုနီးရှားနိုင်ငံမှာ သေဆုံးသူ ၁၇,၃၅၅ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်း ၅၅၇,၈၇၇ ယောက်၊ တူရကီနိုင်ငံမှာ သေဆုံးသူ ၁၄,၃၁၆ ယောက်နဲ့ ကူးစက်ခံ ရသူစုစုပေါင်း ၇၃၃,၂၆၁ ယောက်၊ အီရတ်နိုင်ငံမှာ သေဆုံးသူ၁၂,၃၆၁ ယောက်နဲ့ ကူးစက် ခံရသူ စုစုပေါင်း ၅၅၈,၇၆၇ ယောက် ရှိနေခဲ့တာပါ။

အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈,၄၄၆ ယောက်နဲ့ အမှတ်စဉ် ၆ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရ သူစုစုပေါင်း ၄၃၅,၄၁၃ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သေဆုံးသူ ၆,၇၄၈ ယောက်နဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၇၁,၇၃၉ ယောက် ရှိနေတာပါ။

ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သေဆုံးသူစုစု ပေါင်း ၄,၆၃၄ ယောက်နဲ့ အာရှဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆,၅၆၇ ယောက် ရှိနေပါ တယ်။

ဂျပန်နိုင်ငံမှာတော့ သေဆုံးသူ ၂,၂၁၃ ယောက်နဲ့ အမှတ်စဉ် ၁၄ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၂,၈၂၇ ယောက် ရှိနေပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ အမှတ်စဉ် ၁၅ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၃၇၆ ယောက်နဲ့ အမှတ်စဉ် ၃၁ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆,၅၆၇ ယောက် ရှိနေပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သေဆုံးသူ အယောက် ၆၀ နဲ့ အမှတ်စဉ် ၃၇ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄,၀၃၉ ယောက် ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၃၅ နေရာမှာ ရှိနေ ပြီး သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူ ၅၈,၀၀၀ ကျော်ရှိနေပေမယ့် သေဆုံးသူ ၂၉ ယောက်နဲ့ စင်ကာပူနိုင်ငံက အမှတ်စဉ် ၃၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံကတော့ သေဆုံးသူ ၃ ယောက်နဲ့ အာရှဒေသတွင်းနိုင်ငံ ၄၉ နိုင်ငံမှာ အမှတ်စဉ် ၄၃ နဲ့ သေဆုံးမှုအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

တခြားအာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ မွန်ဂိုလီးယား၊ ဘူတန်၊ ကမ္ဘောဒီးယား၊ မကာအို၊ လာအိုနဲ့ တီမောနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၁၀၀၀ အောက် ရှိနေပေမယ့် လက်ရှိအချိန်ထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၆၅ သန်းကျေိာ်ရှိလာခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအ တွက်ကတော့ ၄၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013