
ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၁ ဦး ထပ်တိုးခဲ့တယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီမှာ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၇၁ ဦးထဲမှာ အများဆုံးက ညောင်တုန်းမြို့နဲ့ ဒေးဒရဲမြို့နယ်က ဖြစ်ပါတယ်။
လူနာ ၇၁ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ ညောင်တုန်းမြို့နယ်မှာ ၂၆ ဦး၊ ဒေးဒရဲမှာ ၂၄ ဦး၊ ဖျာပုံမှာ ၆ ဦး၊ ဘိုကလေးနဲ့ မော်ကျွန်းမှာ ၃ ဦးစီ၊ ဓနုဖြူနဲ့ ရေကြည်မှာ ၂ ဦးစီ၊ ပုသိမ်၊ ဇလွန်၊ ဟင်္သာတ၊ ကျုံပျော်နဲ့ ကျိုက်လတ်မှာ ၁ ဦးစီတွေ့ရှိခဲ့တာပါ။
ဧရာ၀တီတိုင်းမှာ အတည်ပြုလူနာ အများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တွေကတော့ မအူပင်မြို့နယ်မှာ အများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ ပုသိမ်မြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တို့ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၈၁၉ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၂၀၂၂ ဦးရှိကာ သေဆုံးလူနာ ၁၄ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)










