DVB Logo
Home
မြန်မာသတင်း
တာမိုးညဲရဲစခန်းတွင် လက်နက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ
DVB
·
November 28, 2020
တာမိုးညဲရဲစခန်းတွင် လက်နက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲရဲစခန်းမှာ လက်နက်မှုနဲ့ ဖမ်းဆီး အမှုဖွင့်ထားသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး စခန်းမှူးအပါအဝင် ၃ ဦးကို ကွာရန်တင်း ထားရှိထားတယ်လို့ တာမိုးညဲစခန်းမှူးက ပြောပါတယ်။

ပိုးတွေ့လူနာဟာ ကွတ်ခိုင်အခြေစိုက်စစ်ဗျုဟာက ဖမ်းဆီး လွှဲထားသူဖြစ်ပြီး အချုပ်ထဲမထည့်ခင် ကျန်းမာရေးစစ်ဆေးရာက ပိုးတွေ့ခဲ့တာလို့ တာမိုးညဲစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦးက ပြောပါတယ်။

ပိုးတွေ့လူနာဟာ ကောင်းခါးပြည်သူ့စစ်အဖွဲ့က ဖြစ်ကာ အဖွဲ့ဖျက်သိမ်းပြီးဖြစ်ပေမဲ့ လက်နက်မအပ်ဘဲထားတာကြောင့် နိုဝင်ဘာ ၂၆ ရက်က  ကွတ်ခိုင်မြိုနယ် တာမိုးညဲမြို့ ခိုပြင်အုပ်စုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်နက်မှုနဲ့ အမှုဖွင့်ထားတာလို့ စခန်းမှူးက ပြောပါတယ်။

လက်ရှိမှာ လူနာနဲ့ ထိတွေ့သူ စခန်းမှူးအပါအဝင် ရဲဝန်ထမ်းသုံးဦးဟာ ကွတ်ခိုင်ဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေရတယ်လို့ ဆိုပါတယ်။

တာမိုးညဲရဲစခန်းကိုတော့ နိုဝင်ဘာ ၂၇ နေ့မှာ ဆေးဖျန်းပေးခဲ့တယ်လို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းက ပြောပါတယ်။

တာမိုးညဲမြို့မှာ ပိုးတွေ့လူနာ ၃ ဦးရှိခဲ့ပြီး ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

သတင်း - Nang Sabai၊ Photo - IPRD၊ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013