DVB Logo
Home
မြန်မာသတင်း
တောင်ကြီး သတင်းထောက်များအသင်းက ပထမဆုံးအကြိမ် mask ကမ်ပိန်းပြုလုပ်
DVB
·
November 28, 2020
တောင်ကြီး သတင်းထောက်များအသင်းက ပထမဆုံးအကြိမ် mask ကမ်ပိန်းပြုလုပ်
Donate to DVB

တောင်ကြီးမြို့မှာ ကိုဗစ်ပိုးတွေ့လူနာ ပိုများလာတာကြောင့် တောင်ကြီး သတင်းထောက်များအသင်းက နိုဝင်ဘာ ၂၈ ရက်မှာ နှာခေါင်းစည်း mask ကမ်ပိန်းပြုလုပ်ပြီး အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။

မီဒီယာသမားတွေက ရောဂါပိုးပျံ့နှံ့နေတာကို သတင်းရေးတဲ့အပြင် အသိပညာပေး လုပ်ရှားမှုပါ ပြုလုပ်ပေးတာလို့ တောင်ကြီး သတင်းထောက်များအသင်း တွဲဖက်အတွင်းရေးမှူး ခွန်စည်သာဟိန်းက ပြောပါတယ်။

အဓိက ပြည်သူတွေ အိမ်ပြင်ထွက်တိုင်း mask တပ်ဖို့နဲ့ ကျန်းမာရေး ညွန်ကြားချက်ကို လိုက်နာပေးဖို့ လုပ်ဆောင်ပေးတာလို့ တောင်ကြီး သတင်းထောက်များအသင်းဝင် ကိုသန်းထိုက်က ပြောပါတယ်။

တောင်ကြီး မြို့ပေါ်ရှိ မင်္ဂလာဦးရပ်ကွက်မှာ ဒေသတွင်းကူးစက်မှုကတဆင့် နေ့စဉ်ထိတွေ့သူတွေ ရောဂါပိုးကူးစက်နေတာပါ။

ရောဂါပိုးကူးစက်မှုများလာတဲ့ မင်္ဂလာ ဦးရပ်ကွက်ကို lock down ပြုလုပ်ဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ နိုဝင်ဘာ ၂၇ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ  ၂၂ ဦး ဆေးကုသမှုခံယူနေပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013