DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် ကိုဗစ်-၁၉  လူနာ ၂ ဦး သေဆုံး 
DVB
·
November 27, 2020
ဟင်္သာတတွင် ကိုဗစ်-၁၉  လူနာ ၂ ဦး သေဆုံး 
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ  နှစ်ယောက် နိုဝင်ဘာ ၂၆ ရက်က သေဆုံးသွားပြီး  အခုလို ပိုးတွေ့လူနာ သေဆုံးခဲ့တာဟာ ဟင်္သာတခရိုင် ဆေးရုံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့  ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးထံက သိရပါတယ်။

သေဆုံးသွားတဲ့သူ နှစ်ယောက်ကတော့  သူတို့ရဲ့ မူလရောဂါကို ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရင်း  ကိုဗစ်-၁၉  ရောဂါဆေးစစ်လိုက်တဲ့အချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ပိုးတွေပြီး နောက်နေ့ မနက် ၃ နာရီမှာ အသက် ၃၃ နှစ် အရွယ်မျိုးသားတစ်ယောက်  အရင်သေဆုံး သွားပြီး မွန်းလွဲပိုင်းမှာတော့ အသက် ၄၅ နှစ်အရွယ် အမျိုးသာတစ်ယောက် ထပ်မံသေဆုံးခဲ့တာပါ။ ခုလက်ရှိ ဆေးရုံတက်ရောက်ကုသနေတဲ့  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် ကျန်ရှိနေတယ်လို့ ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါ်ဌေးဌေးလှိုင်က  ဒီဗွီဘီကို ပြောပါတယ်။

ဟင်္သာတမြို့ပေါ်မှာ လက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိစပ်ခဲ့သူတွေနဲ့ ရန်ကုန်က ပြန်လာသူတွေ အယောက် ၂၀၀ လောက်ကို ကွာရန်တင်းစင်တာ ၃ ခုမှာ ထားရှိပါတယ်။

ပြည်ပပြန်တွေကိုထားရှိတဲ့  နေရာ ၂ နေရာမှာတော့ လူဦးရေ ၂၀၀ ကျော်ရှိတဲ့အနက် ကွာရန်တင်းရက်စေ့လို့ထွက်သွားသူ ၆၈ ယောက်ရှိပြီး  လက်ရှိမှာတော့ ပြည်ပက ပြန်လာသူတွေ ၁၄၀ လောက်ကျန်ရှိ နေတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာညီညီလွင်က ပြောပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာတွေကိုလည်း ဟင်္သာတဆေးရုံနဲ့ သူနာပြုသင်တန်းကျောင်းတွေမှာ ခွဲထားကာ  ဆေးကုသမှုပေးနေတယ်လို့  ဆေးရုံအုပ်ကြီးထံက သိရပါတယ်။  

Ko Kyat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013