DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၆၃၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၃၆ ဦး ထပ်တိုး
DVB
·
November 26, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၆၃၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၃၆ ဦး ထပ်တိုး
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၆၃၉ ယောက်နဲ့ သေဆုံးသူ ၃၆ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၃၆ ယောက်ထဲမှာ ၂၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ နိုဝင်ဘာ ၂၅ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀,၁၁၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၆၃၉ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၂၇၉ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၀၉ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက အယောက် ၈၇၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၂၀၆ ယောက်ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၅,၂၀၅ ယောက်၊ သေဆုံးသူ ၁,၈၄၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၄,၆၄၅  ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013