DVB Logo
Home
မြန်မာသတင်း
Project K၊ မေလသံစဉ်တို့ ပါဝင်သည့် တန်ဆောင်တိုင်ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
November 23, 2020
Project K၊ မေလသံစဉ်တို့ ပါဝင်သည့် တန်ဆောင်တိုင်ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

ပရိသတ်အချစ်တော် မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Projet K၊ မေလသံစဉ်တို့ ပါဝင်ကြမယ့် တန်ဆောင်တိုင်ဂီတဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ကျင်းပသွားဖို့ ရှိနေပါတယ်။

မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသားလူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ကာဗာသီချင်းတွေကို သီဆိုရင်း အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ပရိသတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ မေလသံစဉ်ကိုတော့ အထူးမိတ်ဆက်ပေးဖို့ လိုမယ် မထင်ပါဘူး။

သူဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာပါခဲ့ပြီး စန္ဒရား၊ ဂစ်တာ စတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်ပြီး ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေး တယောက်လည်း ဖြစ်ပါတယ်။

ချစ်စဖွယ်သွင်ပြင်နဲ့ မူဟန်ပိုပို သရုပ်ဆောင်နိုင်တဲ့ မေလသံစဉ်ဟာ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲအတွက် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Grand Final အဆင့်ထိ တက် ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Celebrity တေးအယ်လ်ဘမ်၊ သီချင်း ၂ ပုဒ်ပါ လူကြီးကိုရစ်ခွင့်ပေးပါစတဲ့ တေးအယ်လ်ဘမ်တွေအပြင် တကိုယ်တော် ဆင်ဂယ်လ် သီချင်းတွေဖြစ်တဲ့ နတ်သားပုံပြင်၊ ကိုယ်ချင်းစာ စတဲ့ သီချင်းတွေဟာလည်း ထင်ရှားပါတယ်။

သိပ်မကြာခင်က နောက်ဆုံးထွက်ရှိထားတဲ့ မြန်မာသံစဉ်တေးသီချင်းဟောင်းတွေကို ပြန်လည်ခံစားသီဆိုထားတဲ့ “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်” တေး အယ်လ်ဘမ်ဟာလည်း ပရိသတ်တွေကြား ရေပန်းစားတဲ့ တေးအယ်လ်ဘမ်တချပ်ဖြစ်ခဲ့ပါတယ်။

       လတ်တလောမှာတော့ သူတို့တွေ ပါဝင်ထားကြတဲ့ ဒီဂီတဖျော်ဖြေပွဲကို အွန်လိုင်း ပွဲတော်အနေနဲ့ Oramin F နဲ့ V7Entertainment တို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီဂီတဖျော်ဖြေပွဲမှာ  Project K ၊ မေလသံစဉ်တို့နဲ့အတူ တခြားအနုပညာရှင်‌တွေ ဖြစ်ကြတဲ့ အုပ်စိုးခန့် ၊ koso ၊ မေဂရေ့ပယ်ရီ တို့ကလည်း အတူတွဲဖက် ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013