DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ
DVB
·
November 21, 2020
ဧရာဝတီတိုင်းတွင် မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားမဲပေးခဲ့တာနဲ့ပတ်သက်ပြီး မဲရုံမှူးအပါအဝင် ၇ ဦးကို ရွေးကောက်ပွဲဥပဒေတွေနဲ့ အရေးယူထားတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲဥပဒေအပါဝင် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူခံထားရသူတွေဟာ ကိုယ်စား မဲပေးခဲ့သူ ၅ ဦးနဲ့ မဲ ၂ ကြိမ်ပေးခဲ့သူ၊ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူတို့ပါဝင်တယ်လို့ သိရပါတယ်။

ကိုယ်စားမဲပေးလို့ အရေးယူခံထားရတဲ့သူတွေကတော့ သာပေါင်းမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်တို့ကဖြစ်ပြီး မဲ ၂ ကြိမ်ပေးတာနဲ့ မဲပေးခန်းနဲ့ ပစ္စည်းတွေ ဖျက်ဆီးတာကြောင့် အရေးယူထားတာက လေးမျက်နှာမြို့နယ်က ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုယ်စားမဲပေးတာနဲ့ မဲ ၂ ကြိမ်ပေးတာခွင့်ပြုပေးလို့ အရေးယူခံထားရသူတွေက သာပေါင်း မြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးနဲ့ မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာ မဲရုံ ၂ မဲရုံမှူးတို့ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားမဲပေးတာ၊ မဲပေးဖို့အတွက်ခွင့်ပြုတာ မဲပေးခန်းနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာနယ် မြေရဲစခန်းတွေမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈/၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ကော်မရှင်ကထုတ်ပြန်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013