DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် ငွေချေးလုပ်ငန်း ဝန်ထမ်း ၁ ဦး ငွေသိန်း ၁၀၀ ကျော် လုယက်ခံရ
DVB
·
November 21, 2020
ငပုတောတွင် ငွေချေးလုပ်ငန်း ဝန်ထမ်း ၁ ဦး ငွေသိန်း ၁၀၀ ကျော် လုယက်ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတော့မြို့နယ်၊ ကုလားမတောင် ကျေးရွာမှာ Pact Myanmar အသေးစားငွေချေးလုပ်ငန်းက ဝန်ထမ်း ၁ ဦး ဓားထောက်လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။

Pact Myanmar ချေးငွေဝန်ထမ်း ဦးဇော်ထိုက်လွင်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ငွေချေးငွေထုတ်လုပ်ငန်းတွေအတွက် ကုလားမတောင်ကျေးရွာကိုသွားရောက်ပြီး ပိုက်ဆံသိမ်းနေစဉ် ရွာခံ ၁ ဦးက ဓားထောက်လုယက်ခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့ အရာရှိတဦးက "ကျူးလွန်တဲ့ တရားခံကို ဖမ်းမိထားပါပြီ။ သက်သေခံပစ္စည်းတွေပါ ရပါပြီ။ လောလောဆယ်တော့ တရားခံကို စခန်းမှာ အမှု ဖွင့်ဖမ်းဆီးထားပါတယ်" လို့ ပြောပါတယ်။

ဓားထောက်ပြီး ငွေလုယက်ခဲ့သူကို ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ၂၄ နာရီအတွင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ကုလားမတောင် ကျေးရွာဒေသခံတွေကတော့ Pact Myanmar ဝန်ထမ်းက ရွာရောက်လာပြီး ချေးငွေတောင်းယူတာတွေ ပြုလုပ်နေစဉ် အတောင်းခံရသူရဲ့ အမျိုးသားရောက်လာပြီး ဓားနဲ့ထိုးတာတွေပြုလုပ်ကာ ပိုက်ဆံထည့်ထားတဲ့ ကျောပိုးအိတ်နဲ့ ဖုန်းတွေ လုယူထွက်ပြေးခဲ့တာလို့ ပြောပါတယ်။

ဓားနဲ့ထိုးကာ ဖုန်းနဲ့ပိုက်ဆံ သိန်း ၁၀၀ ကျော် လုယူထွက်ပြေးခဲ့တဲ့ အသက် ၃၉ နှစ် အရွယ် ရဲမင်းဇော်ကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့ကဖ မ်းမိခဲ့တာဖြစ်ပြီး ငပုတောမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013