DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရန် ပြည်သူအချို့ ဆန္ဒပြတောင်းဆို
DVB
·
November 20, 2020
ဇီးကုန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရန် ပြည်သူအချို့ ဆန္ဒပြတောင်းဆို
Donate to DVB

အစိုးရ ထောက်ပံ့ကြေးပေးရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မှာ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးဖို့ ရပ်ကွက်နေပြည်သူအချို့က ​နိုဝင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။‌

ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဦးတင်ထွန်းက "ဆန္ဒပြရတဲ့ အကြောင်းအရင်းက ကျနော်တို့ နိုင်ငံတော်ကထောက်ပံ့တဲ့ငွေများကို ပွင့်လင်းမြင်သာမှုမရှိဘဲ နီးစပ်ရာကိုသာ ပေးခဲ့ပြီး အမှန်တကယ် ဆင်းရဲသား လက်လုပ်လက်စားများကို မရရှိတဲ့အတွက် အလိုမရှိကြောင်း ကျနော်တို့ ဆန္ဒပြတာပါ" လို့ ပြောပါတယ်။

ထောက်ပံ့ကြေးငွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ အတိုင်းမဟုတ်ဘဲ ခွဲဝေမပေးသလို ရပ်ကွက်နေ ပြည်သူတွေကို သေချာရှင်းလင်းပြတာမျိုး မလုပ်တာကြောင့် အခုလို ဆန္ဒပြရာမှာ ပါဝင်ရတာလို့  ဦးဝင်းစိုးက ပြောပါတယ်။

ရပ်ကွက်နေ ပြည်သူအချို့က ဖြုတ်ချပေးဖို့ တောင်းဆိုခံရတဲ့ အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဇော်မင်းက ကိုဗစ်-၁၉ ကပ်ရောဂါကာလ နိုင်ငံတော်က ပေးတဲ့ ထောက်ပံ့ကြေးတွေကို ခွဲဝေပေးရတာနဲ့ ပက်သက်ပြီး အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ အနေနဲ့ နိုင်ငံတော်က ထောက်ပံ့ပေးထားတဲ့ ထောက်ပံ့ငွေကတော့ တစ်အိမ်ထောင်ကို ၂ သောင်းနှုန်းနဲ့ ထောက်ပံ့ပါတယ်၊ နိုင်ငံတော်ကို စာရင်းတင်ပါဆိုလို့ ပထမ ၃၈၉ ဦး စာရင်းတင်ပါတယ်၊ အ​ကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်ခဲ့တဲ့ လူတွေအတွက် ၁၃၆ ယောက် ထပ်တင်ပါတယ်။ ၁၃၆ ယောက်နဲ့ ၃၈၉ နဲ့ ၅၈၅ ယောက် တင်ထားပါတယ်။ ပထမ တင်ထားတဲ့ ၃၈၉ ဦးကိုပဲ နိုင်ငံတော်က ချပေးပါတယ်။ နောက် ၁၃၆ ယောက်ကို မချတဲ့အတွက် ကျနော်တို့ ရပ်မိရပ်ဖ၊ ရာအိမ်မှူး ဆယ်အိမ်မှူးတွေ တိုင်ပင်ပြီး ပထမ ၃၈၉​ ယောက်ကို ၁၇၅၀၀ ပေးပြီး နောက်တိုး ၁၃၆ ယောက်ကို ၁ ယောက် ၁ သောင်းနှုန်းနဲ့ ပေးပြီး ကျနော့်ဆီမှာ ၁၅၀၀ လက်ကျန်ရှိပါတယ်။"

အခုဆန္ဒပြပွဲကို ခွင့်ပြုချက်တောင်းခံကာ ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ၊ လူဦးရေ ၁၄ ဦး နဲ့ မနက် ၁၀ နာရီကစတင်ကာ အမှတ် ၄ ရပ်ကွက် အလောင်းဘုရားလမ်းမှ စျေးလမ်း၊ ရန်ကုန်-ပြည်လမ်း ၊စာတိုက်လမ်း၊ ကျွန်းတောလမ်း နဲ့ အလောင်းဘုရားလမ်း တလျှောက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး  မနက် ၁၁ နာရီမှာ  ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇီးကုန်းမြို့နယ်မှာ  ရပ်ကွက်/ကျေးရွာအုပ်စု ၃၄ ခု  ရှိပြီး ကိုဗစ် ကပ်ရောဂါဖြစ်ပွားနေချိန်မှာ နိုင်ငံတော်က ထောက်ပံကြေး ၄ကြိမ်ပေးခဲ့ပြီးဖြစ်ကာ အခု စတုတ္ထအကြိမ်မှာ အိမ်ထောင်စု ၁၂၂၄၅ ကို တစ်အိမ်ထောင် ၂ သောင်းကျပ်နှုန်းနဲ့ ငွေကျပ် ၂၄၄၉၀၀၀၀၀ သိန်း ထောက်ပံ့ပေးတာလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013