DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်လူနာသစ် ၆ ဦး ထပ်တွေ့၊ စုစုပေါင်း လူနာ ၁၀၇၈ ဦး ရှိလာ
DVB
·
November 20, 2020
မကွေးတိုင်းတွင် ကိုဗစ်လူနာသစ် ၆ ဦး ထပ်တွေ့၊ စုစုပေါင်း လူနာ ၁၀၇၈ ဦး ရှိလာ
Donate to DVB

မကွေးတိုင်းမှာ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၁ ဦးပါအဝင် စုစုပေါင်း အတည်ပြုလူနာ ၁၀၇၈ ဦး ရှိလာပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။

RDT နဲ့ စစ်ဆေးချက်အရ လူနာသစ်  ၆ ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူ အောင်လံမြို့က ၃ ဦး၊ စေတုတ္တရာမှာ ရန်ကုန်ကပြန်လာသူ ၁ ဦး၊ ငဖဲမြို့က ယာဉ်မောင်း ၁ ဦး၊ တောင်တွင်းကြီးက အနံ့ပျောက် စောင့်ကြည့်လူနာ ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ အောက်တိုဘာ ၁၉ ရက်နေ့အထိ ဓာတ်ခွဲစစ်ဆေးမှု  ၂၄,၀၁၆ ခု၊ RDT နဲ့ စစ်ဆေးမှု  ၂၀,၀၉၉ ခုရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

အတည်ပြုလူနာ ၁၀၇၈ ဦးထဲမှာ ဆေးရုံတွေမှာ လက်ရှိကုသနေဆဲ ပိုးတွေ့လူနာ ၂၄၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၂၈ ဦးနဲ့ သေဆုံးသူ  ၂ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံတက်ရောက်ခဲ့တဲ့ အနံ့ပျောက် နဲ့ PUI လူနာ  ၇၆၃ ဦး ရှိပါတယ်။

RDT နဲ့ စစ်ဆေးမှု ၂ သောင်းကျော်ထဲမှာ ယာဥ်မောင်းယာဥ်နောက်လိုက် ၁၂,၇၅၁ အထိ ပါဝင်ခဲ့ပြီး စုစုပေါင်း ပိုးတွေ့  ၁၉၁ ဦးအနက် ယာဥ်မောင်း၊ ယာဥ်နောက်လိုက် ၆၂  ဦး ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းမှာ ဒေသတွင်းကူးစက်မှု ပိုများလာတာကြောင့်  ပြည်သူတွေ၊ စည်းကမ်းရှိဖို့ ပိုဂရုစိုက်ကြဖို့လည်း တိုင်းကျန်းမာရေးက သတိပေးထားပါတယ်။

ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013