DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၁၂ ဦး ရှိလာ
DVB
·
December 6, 2020
မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၁၂ ဦး ရှိလာ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက  မနေ့ညမှာ ထုတ်ပြန်ပါတယ်။

ခရီးသွားရာဇဝင်မရှိသူ ၅ ဦးနဲ့ ရန်ကုန်ပြန် ၆ ဦးတို့မှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့တာလို့ သိရပါတယ်။ 

ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်‌ ဝေဒနာခံစားရတာကြောင့် ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သားစုဝင် ၈ ဦးအား RDT Test Kit နဲ့ စစ်ဆေးရာ ၄ ဦးမှာ ‌ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ မင်းလှမြို့မရဲစခန်းက ရဲမေတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အချုပ်သားတွေကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ ဘူးလို့ သိရပါတယ္။

မင်းလှမြို့မှာ ဒေသတွင်း ကူးစက်မှု‌တွေများ‌လာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း နေထိုင်ပြီး လူစုလူဝေးရှောင်ကြဉ်ဖို့၊ တတ်နိုင်ပါက အပြင်မထွက်ဖို့၊ အပြင်ထွက်လည်း Mask တပ်ဖို့ လက်ဆေးဖို့ လိုအပ်ကြောင်း ‌ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မင်းလှမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ အတည်ပြုလူနာ ၂၁၂ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ  ၈၈ ဦးနဲ့ ဆေးကုသပေးနေသူ  ၂၄ ဦး ရှိတယ်လို့ သိရပါတယ်။

သက်နိုင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013