DVB Logo
Home
မြန်မာသတင်း
ဒေါင်း၊ မေဂရေ့စ်တို့ သရုပ်ဆောင်ထားသည့် The Zero အဖွဲ့၏“ဆောင်းတွင်းနွေ”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
November 19, 2020
ဒေါင်း၊ မေဂရေ့စ်တို့ သရုပ်ဆောင်ထားသည့် The Zero အဖွဲ့၏“ဆောင်းတွင်းနွေ”သီချင်း(ရုပ်သံ)  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

ထိမိတဲ့ သီချင်းတေးသွားစာသားတွေ၊ တမူထူးခြားတဲ့ သီဆိုဟန်တွေနဲ့ ပရိသတ်တွေကြား နာ မည်ကြီးလာခဲ့တဲ့ The Zero အဖွဲ့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းမြူးဇစ်ဗီဒီယိုတပုဒ် ထွက်ရှိလာခဲ့ပါ တယ်။

“ဆောင်းတွင်းနွေ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Shane Aung နဲ့ Amh တို့က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အော်ဒီယိုသီချင်းတပုဒ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ထွက်ရှိထားခဲ့တာပါ။

ခုတခါမှာတော့ ဒီသီချင်းမြူးဇစ်ဗီဒီယိုကို ဇာတ်လမ်းစတိုရီပုံစံနဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မော်ဒယ်တွေဖြစ်ကြတဲ့ ဒေါင်း၊ မေဂရေ့စ်တို့နဲ့ အမိုက်စားပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။

“ကျောက်ရုပ်လို လှုပ်လို့မရတော့ဘူး… အေးစက်နေ Circus က Clown လို အပြောင် အပျက်သဘော… ပေါ့ပျက်ပျက်ကတိတွေ အမှိုက်လိုမီးပြာချ… အခိုးအငွေ့တွေ… အေးစက်စက် အနမ်းတွေ ငါ့အတွက်ပူလောင်သွား… နင်အတောင်ပံညောင်းမှ… ခိုနားမယ့် သစ်တကိုင်း… ငါကျေနပ်စွာ လက်ခံထား”

ထူးခြားတဲ့ သီဆိုဟန်နဲ့ The Zero အဖွဲ့ရဲ့ “ဆောင်းတွင်းနွေ”သီချင်းထဲမှာတော့ လမ်းခွဲသွား တဲ့ သူ၊ ပြန်မလာတော့တဲ့ သူတယောက်ကြောင့် ဆောင်းတွင်းကာလမှာတောင် ပူလောင်ရတဲ့ အ ကြောင်းတွေနဲ့အတူ ခံစားရေးဖွဲ့ထားခဲ့တာဖြစ်ပြီး ဒေါင်းနဲ့ မေဂရေ့စ်တို့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေနဲ့ အသက်ဝင်လှပနေခဲ့တာကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့… t-shirt တထည်… ပြာခြွေခွက်ထဲက အိမ်မက်တွေ … နင်ပြန်မလာတော့ဘူး ငါ့ဆီ… နှင်းတွေဝေနေတဲ့ မနက်ခင်း… ပူလောင်လွန်းလှပြီ ဆောင်းတွင်း နွေ… နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့… t-shirt တထည်… ပြာခြွေခွက်ထဲက အိမ်မက်တွေ… နင်ပြန်မလာတော့ဘူး ငါ့ဆီ… နှင်းတွေဝေနေတဲ့ မနက်ခင်း… ပူလောင်လွန်းလှပြီ ဆောင်းတွင်း နွေ”

The Zero အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကာလ ကတည်းက ထင်ရှားတဲ့ မြန်မာသီချင်း တွေရော၊ နိုင်ငံခြားသီချင်းတွေကိုပါ ကာဗာအနေနဲ့ သီဆိုခဲ့ရာကနေ နောက်ပိုင်းမှာတော့ တဖြည်း ဖြည်း ပရိသတ်တွေ သတိပြုမိလာခဲ့ကြတာဖြစ်ကာ ကိုယ်ပိုင်သီချင်းသစ်တွေနဲ့အတူ ဂီတအနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့အဖွဲ့ရဲ့ One ၊ TO THE MOON AND BACK စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီဖြစ်ကာ Dear Crush ၊ ချိန်း၊ Lovely Wedding Day ၊ ပြာ ၊ Lumiere စတဲ့ သီချင်းတွေကတော့ သူ့ပရိသတ်တွေကြား ထင်ရှားတဲ့ သီချင်းတွေ ဖြစ် ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013