DVB Logo
Home
မြန်မာသတင်း
အေးမြဖြူသီဆိုမှုဖြင့် နားဆင်ရမည့် “မျှော်ရတာလည်းကျွန်တော် လွမ်းရတာလည်းကျွန်တော်”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
January 9, 2021
အေးမြဖြူသီဆိုမှုဖြင့် နားဆင်ရမည့် “မျှော်ရတာလည်းကျွန်တော် လွမ်းရတာလည်းကျွန်တော်”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တခေတ်တခါက ထင်ရှားတဲ့ တေးသီချင်းတွေကို အပတ်စဉ်တင်ဆက်နေပြီး ခုတပတ်မှာတော့ နာမည် ကြီးသီချင်းတပုဒ်ကို မြန်မာအိုင်ဒေါ တေးသံရှင် အေးမြဖြူက သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။


သူသီဆိုဖျော်ဖြေတဲ့ သီချင်းကတော့ “မျှော်ရတာလည်းကျွန်တော် လွမ်းရတာ လည်းကျွန်တော်” သီချင်းဖြစ်ပြီး ဒီသီချင်းကိုတော့ တေးရေး အဆိုတော် သန်းမြတ်စိုးက ရေးဖွဲ့ခဲ့ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာပါ။


“အောက်မေ့ သတိရလွန်းလို့… ဆောင်းနဲ့အတူ ပြန်လာခဲ့ပါကွယ်… အချစ်ကလေးရယ်… ဆောင်းပန်းချီ… ခြုံလွှမ်းလို့ ချမ်းလှပြီကွယ်… နှင်းရည်… စိုလူးလို့ဖျန်းပက်ကျီစယ်… ဖွေးဖွေးဖြူတယ်…နှင်းကလေးတွေရယ်… သတင်းစကားပြောဖို့ ဖြစ်နိုင်ရင်တကယ်… ချစ်သူလေးထံ ပြန်လာခဲ့ဖို့ ပြောပေးပါကွယ်”


အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတ မိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲကတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းလာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။


အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။


အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင်မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။


နောက်ပိုင်းမှာလည်း သူဟာ ဆန်းသစ်တဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့ သီချင်းတွေ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနေခဲ့တာကို တွေ့ရပါတယ်။။


မြန်မာသံရော ခေတ်ပေါ်စတီရီယိုသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူက ခုတခါမှာလည်း “မျှော်ရတာလည်း ကျွန်တော် လွမ်းရတာလည်း ကျွန်တော်” သီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပီပီပြင်ပြင် သီဆိုသွားနိုင်ခဲ့တာကို ပရိသတ်တွေ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။


“တကယ်ဆိုရင် ဆောင်းနဲ့အတူ… လာခဲ့ပါ ဝေးအရပ်က အချစ်ရယ်… မျှော်နေသူ အသည်းလှိုက်ဖိုရတယ်… ကြင်နာသူရယ်… တကယ်ဆိုရင် ဆောင်းနဲ့အတူ… လာခဲ့ပါ ဝေးအရပ်က အချစ်ရယ်… မျှော်နေသူ အသည်းလှိုက်ဖိုရတယ်… ကြိုနေပါမယ်… နိုဝင်ဘာမှာ လာမလား… ဒီဇင်ဘာမှာ လာမလား… ရွှေရင်ဖိုကာ တမ်းတမိတယ်… ပျော်ချင်ပါတယ် နှစ်ယောက်သား… ဇန်နဝါရီမှာလာမလား… မျှော်နေသူမှာ လွမ်းရပါတယ်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013