DVB Logo
Home
မြန်မာသတင်း
အလန်းစားရက်ပ်စာသားများပါဝင်သည့် စန္ဒီမြင့်လွင်သီချင်းသစ်-“ကောင်ကလေး” (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
December 10, 2020
အလန်းစားရက်ပ်စာသားများပါဝင်သည့် စန္ဒီမြင့်လွင်သီချင်းသစ်-“ကောင်ကလေး” (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

“ကောင်ကလေး… မင်းအကြည့်များက လာစိုးမိုး… နေ့ရောညပါ အမျိုးမျိုးနဲ့…  ချစ်ရောဂါဟာတိုးလို့… Oh No… တခြားသူ ဦးသွားမှာစိုးလို့… အသက်ကြီးပေမယ့် မ ပျက်စီးသေးတဲ့… ဟော့ဒီ မမဟာ SOLO… ကြွေနေပါပြီကွာ… ဟိတ်…  ဟိတ်… ကောင်ကလေး… ရင်ခွင်မှာ တိတ်တခိုးလေးပေါ့… ဟေ့… ရင်ခုန်သံတွေကို ထိန်းချုပ် ထား၍… ယဉ်ယဉ်လေး ရူးနေတာ… ဟာကွာ… အသက်အရွယ်တွေ ဘယ်လိုပင် ကွာ ပါစေ… နှလုံးသားရေးမှာတော့ အပိုတွေပါ… ဟေ့… စိတ်ကူးနဲ့ရူးနေပြီ… ကိုယ်ဒီမှာလေ ဆယ်ကျော်သက် ချစ်သူရေ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ “ကောင်ကလေး” အမည်ရတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ တာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တေးရေး မိုးထက်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး စန္ဒီမြင့်လွင် က သီဆိုပေးထားခဲ့တာဖြစ်ကာ အလန်းစားရက်ပ်စာသားတွေနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ ထူးခြားတဲ့ ရက်ပ်တေးသွားတွေနဲ့ ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်အဖြစ် ပရိသတ်တွေ သိထားခဲ့ကြပြီး ပထမ ဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်တဲ့ “ဆေးရောင်လှလှခြယ်ရအောင်” တကိုယ်တော် တေးအဘ်လ်ဘမ်နဲ့ ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ “Queen” ၊ “ကလီယိုပါထရာ” ၊ “Papi” ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိ ထားခဲ့ပါတယ်။

“အနားနားရှိတဲ့အခိုက်”၊ “အာဖျံကွီး”၊ “ချစ်နေတုန်းပဲ”၊ “အသည်းနာ”စတဲ့ သီချင်း တွေဟာ သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်ပြီး “ပျော်ပါစေ”အမည်ရတဲ့ သီချင်းကို Unplugged Version နဲ့ ထွက်ရှိထားခဲ့သလို သိပ်မကြာခင်ကလည်း အဆိုတော် အောင်လနဲ့ ထူးထူးခြားခြားစုံတွဲ သီဆိုထားခဲ့ကြတဲ့ “ချိန်ခွင်”အမည်ရတဲ့ သီချင်းတပုဒ်လည်း ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်လေ စိတ်ကူးများနဲ့… မင်းအပေါ် အချစ်များ… ရည်စူးထားခဲ့ တဖက်သတ် ပေါ့… တဖက်သတ်ပေါ့… (ကောင်ကလေး .. ရေ) x 3… ကြင်ဖော်ကြင်ဖက် ဖြစ်ချင်ပြီ… (ကောင်ကလေး .. ရေ) x 3… Oh No .. ပါရမီဖြည့်ဖက်ဖြစ်ချင်မိ… (ကောင်ကလေး) x 3 … ကောင်လေးနော်… (ကောင်ကလေး) x 3… နှလုံးသားကို ပိုင်စိုး… ညို့အားပြင်းတယ် အမိုက်ဆုံး… ဘယ်လိုမှ မတင်းတိမ်နိုင်လို့… တို့ကမင်းအတွက် အမှိုက်မဟုတ်… အရူး အမူးကွာ ငါ့မှာ အခုမှဖူးစာကစ… I'm Suga Mama… မင်းပူဆာသမျှရမှာ ကောင်လေး … စဉ်းစားပါ နောင်ရေး… တွေးတောကာ နှောင့်နှေးနေရင်… တောင်ဝှေး လိုတော့မှာ… မြင်ယောင်သေးတဲ့ မမဘက် တချက်လောက်တွေး… ကြီးမှ ဝက်သက်ပေါက်တယ်… ပြောကြပါစေတော့… အဓိက မင်းရဲ့အချစ်ကိုရဖို့အတွက်… ရင်မောရ ပေမပေါ့”

ခုထွက်ရှိလာတဲ့ “ကောင်ကလေး”သီချင်းထဲမှာတော့ စန္ဒီမြင့်လွင်ရဲ့ ဟန်အတိုင်း ခပ်မိုက်မိုက် သီဆိုမှုနဲ့အတူ ပရိသတ်တွေက Joox အက်ပလီကေးရှင်းပေါ်ကတဆင့် ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013