DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာသစ်၂ ဦးထပ်မံတွေ့ရှိ၊ အတည်ပြုလူနာ ၁၄ ဦးရှိလာ
DVB
·
November 17, 2020
လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာသစ်၂ ဦးထပ်မံတွေ့ရှိ၊ အတည်ပြုလူနာ ၁၄ ဦးရှိလာ
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ RDT Test Kit နဲ့ အမြန်စစ်ဆေးရာမှာ ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် ၂ ဦးတွေ့ရှိရကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ ဝါရီကောခူယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID-19 Antigen Rapid Diagnostic Test (RDT)နဲ့ စစ်ဆေးခဲ့ရာ ယာဉ်မောင်း ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သလို လွိုင်ကော်တက္ကသိုလ် ကာရန်တင်းစင်တာက  Stay at home မြို့တွေကနေ ပြန်လာသူတွေကို စစ်ဆေးရာမှာ အမျိုးသမီး ၁ ဦး ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါပိုးတွေ့လူနာတွေဟာ အသက် ၃၅ နှစ်အရွယ် အမျိုးသားယာဉ်မောင်း ၁ ဦးနဲ့၊ အသက် ၁၉ နှစ်အရွယ် ရန်ကုန်အထည်ချုပ်စက်ရုံမှာအလုပ်လုပ်ပြီးပြန်လာသူ အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့ ကယားပြည်နယ်ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“ တစ်ယောက်က ကားသမားပါ။ ကားဂိတ်မှာမနက်က စစ်တော့ positive တစ်ယောက်ထွက်တယ်။ အဲဒါက ယောကျ်ားလေးပါ။ နောက်တယောက်က ဒီဘက်က ပညာရေးကောလိပ်က ရန်ကုန်က ပြန်လာတဲ့တစ်ယောက်ပါ။ သူကတော့မိန်းကလေးပါ။ သူတို့နှစ်ယောက်လုံးက အခု လွိုင်ကော်ဆေးရုံမှာပဲ ထားထားပါတယ်။ နှစ်ယောက်လုံးလည်း နေကောင်းကြပါတယ်ဗျာ။ ”

အဆိုပါပိုးတွေ့လူနာ ၂ ဦးနဲ့  ထိတွေ့ခဲ့သူ ၄ ဦးကိုလည်း န.တ.လ သင်တန်း ကျောင်း ကာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး အသွားအလာ ကန့်သတ်ထားကြောင်းနဲ့ သူတို့ကို နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူ စစ်ဆေး သွားမှာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄  ယောက်ရှိလာပြီဖြစ်ပြီး အဲဒီထဲက ၉ ဦးဆေးရုံဆင်းခွင့်ရရှိထားပြီးဖြစ်ပါတယ်။ ကျန်လူနာ ၅ ဦးထဲက ၄ ဦးမှာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပြီး နောက် တစ်ဦးကတော့ ဒီးမော့ဆို ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013