DVB Logo
Home
Lead Story
စပိန်အသင်းက ပေါ်တူဂီကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်
DVB
·
July 7, 2026
စပိန်အသင်းက ပေါ်တူဂီကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်
1 / 14
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ  စပိန်အသင်းက ပေါ်တူဂီအသင်းကို (၁-၀) ဂိုးနဲ့အနိုင်ရပြီး နောက်တဆင့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလတ်စ်အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ လူစားဝင်ကစားသမား     မီကဲလ်မီရီနို ရဲ့သွင်းဂိုးနဲ့ စပိန်အသင်း ပွဲပြီးခါနီး အနိုင်ရပြီး နောက်တဆင့်တင်သွားတာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းခေါင်းဆောင် အသက် ၄၁ နှစ်အရွယ် စီရော်နယ်ဒိုကတော့ သူ့အတွက်  ၆ ကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်  ကမ္ဘာ့ဖလားမှာ ပါဝင်ကစားပြီး နှုတ်ဆက်သွားပြီ ဖြစ်ပါတယ်။  

ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိတဲ့ စပိန်အသင်းက ကွာတားဖိုင်နယ်ပွဲစဉ်မှာ အမေရိကန် ဒါမှမဟုတ် ဘယ်လ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013