DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီပါတီ အနိုင်ရရှိ
DVB
·
November 14, 2020
ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီပါတီ အနိုင်ရရှိ
Donate to DVB

နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) က အနိုင်ရတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေကြီးက တိုင်းရင်းသား မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၉၂ နေရာ ရှိပြီး မဲဆန္ဒနယ်အားလုံးမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့တာလို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

"တိုင်းရင်းသား နေရာတွေမှာလည်း အန်အယ်လ်ဒီက နိုင်ပါတယ်။ တိုင်း ၁၊ တိုင်း ၂ နဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာလည်း အန်အယ်လ်ဒီကပဲ အနိုင်ရပါတယ်။" 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီပါတီက မဲဆန္ဒနယ် ၉၂ နေရာအနက် ပြည်သူ့လွှတ်တော် ၂၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂၃ နေရာအပြင် ကရင်နဲ့ ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၈၈ နေရာမှာ စံချိန်တင် အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့တာပါ။

ဧရာဝတီတိုင်းမှာ ပါတီပေါင်း ၂၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်နဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၁၇ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013