DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့နယ်၊ မြို့ကြီးရွာ၌ ကိုဗစ်-၁၉ လူနာများလာသဖြင့် Stay at Home လုပ်ဆောင်နေ 
DVB
·
November 13, 2020
ရွာငံမြို့နယ်၊ မြို့ကြီးရွာ၌ ကိုဗစ်-၁၉ လူနာများလာသဖြင့် Stay at Home လုပ်ဆောင်နေ 
Donate to DVB

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြို့ကြီးရွာမှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေ့ရှိသူ များလာတဲ့အတွက်  အိမ်ခြေ ၆၀၀ လောက်ကို နိုဝင်ဘာ ၁၁ ရက်ကစပြီး ၁၄ ရက် Stay at Home အစီအစဉ် လုပ်ထားတယ်လို့ ဒေါက်တာခွန်ဝင်းလတ်က ပြောပါတယ်။

မြို့ကြီးရွာအုပ်ချုပ်ရေးမှူးထံမှာ  အောက်တိုဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်က ဝန်ထမ်း ၆  ယောက်နဲ့ သူတို့ မိသားစုဝင် ၅ ယောက် စုစုပေါင်း ၁၂ ယောက်  ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနောက် ဘယ်လူနာနဲ့မှ ထိတွေ့မှု မရှိသလို ခရီးသွားရာဇဝင်လည်း မရှိတဲ့ ရွာသား တစ်ယောက် အနံ့ ပျောက်ကာ ဆေးရုံရောက်လာရာက နိုဝင်ဘာ ၁၀ မှာ ပိုးတွေ့ခဲ့တာမို့ နိုဝင်ဘာ ၁၁ ရက်ကစပြီး  အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ မြို့ကြီးရွာကို Stay at Home  သတ်မှတ်ကာ စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

ရွာငံဆေးရုံမှာ နေရာမလုံလောက်တာကြောင့် တောင်ကြီး စဝ်စံထွန်းဆေးရုံကို လူနာ နှစ်ယောက်  ပို့ဆောင်ထားရပြီး အောက်စီဂျင်ပိုက် တပ်ဖို့ လိုနေတယ် လို့  ဒေါက်တာ ခွန်ဝင်းလတ်က ပြောပါတယ်။

မြို့ကြီးရွာသားတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှု ပေးနိုင်ဖို့ အ‌ရေးပေါ်ရန်ပုံငွေ အကူအညီတွေ ရှာဖွေစုဆောင်းနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ကိုဗစ်ရောဂါကာကွယ်ရေး လူငယ်စေတနာ့ဝန်ထမ်းအဖွဲ့‌ ခေါင်းဆောင် ကိုဝင့်ထည်ကောင်းမြတ်က ပြောပါတယ်။

လက်ရှိ ရွာငံဆေးရုံမှာ ကိုဗစ်-၁၉  လူနာ ၁၃ ယောက် ရှိနေပြီး လူနာတွေရဲ့ အခြေအနေကောင်းမွန်နေကာ တခြားဘာလက္ခဏာမှ မပေါ်ဘဲ မကြာခင် ဆေးရုံကနေ ဆင်းခွင့်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Dr. ခွန်းဝင်းလတ် ၊ အောင်လင်းပြည့်(မြို့ကြီး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013