DVB Logo
Home
Lead Story
ဘိုင်ယန်က ရီးရဲလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်
DVB
·
April 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဒီနေ့မနက်အစောပိုင်းက ကစားသွားတဲ့ ဥရောပ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ (၄-၃) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက နှစ်ကျော့ပေါင်းရလဒ် (၆-၄) ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ် ကစားသမား ကာမာဗင်ဂါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို လူးဝစ်ဒီယာ့ဇ်နဲ့ မိုက်ကယ်အိုလစ်ဆီတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာပဲ ၅ ဂိုးအထိ အပြန်အလှန် သွင်းယူခဲ့ကြတဲ့ ဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၃ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်က ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ဒီပွဲမှာ သူ့အတွက် ဒီရာသီ ဂိုး ၅၀ မြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြချုပ် အာဘီလိုအာက ကစားသမားတယောက်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့အပေါ်  မကျေနပ်နဲ့ အကြောင်းနဲ့ ဒီလို ထုတ်ပယ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါပဲလို့ TNT Sports နဲ့ မေးမြန်းရာမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ တကယ်ကို ဝမ်းနည်းတယ်၊ တကယ်ကို ဒေါသထွက်တယ်၊ တကယ်ကို စိတ်ပျက်မိပါတယ်။ ပြီးတော့ ဒါတွေအားလုံးဟာ နည်းနည်းတော့ မတရားဘူးလို့ ကျနော်ထင်တယ်။" 

ပြီးခဲ့တဲ့ ရီးရဲလ်အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်  ပထမအကျော့ပွဲစဉ်မှာလည်း ဘိုင်ယန်အသင်းက ရီးရဲလ်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့်  နည်းပြ ဗင်းဆင့်ကွန်ပနီ ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Sky Sports

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013