DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်  အန်အယ်လ်ဒီက မဲဆန္ဒနယ် ၉၀ အထိ စံချိန်တင်အနိုင်ရ
DVB
·
November 10, 2020
ဧရာဝတီတိုင်းတွင်  အန်အယ်လ်ဒီက မဲဆန္ဒနယ် ၉၀ အထိ စံချိန်တင်အနိုင်ရ
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်က မဲဆန္ဒနယ်အသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရပြီဖြစ်တယ်လို့ တိုင်းအောင်နိုင်ရေး ကော်မတီအဖွဲ့ထံက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးက တိုင်းရင်းသား မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၉၂ နေရာ ရှိပြီး မဲဆန္ဒနယ် ၉၀ မှာ အန်အယ်လ်ဒီပါတီက အနိုင်ရနေပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းအောင်နိုင်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"မဲရလဒ် အတိအကျထွက်တာတော့ ၁၇ မြို့နယ်ပဲရှိပါသေးတယ်။ ကျန်နေသေးတဲ့ မဲရလဒ်တွေကိုလည်း အပြီးသတ်ဖို့ဆောင်ရွက်နေပါတယ်။ မဲရေတွက်ပြီးတဲ့ မြို့နယ်တွေ အားလုံးမှာ အနိုင်ရရှိထားပါတယ်"လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီ ပါတီက မဲဆန္ဒနယ် ၉၂ နေရာအနက် ပြည်သူ့လွှတ်တော် ၂၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂၃ နေရာအပြင် ကရင်နဲ့ ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် ၈၈ နေရာမှာ အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့တာပါ။

အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မဲဆန္ဒနယ် ၉၀ အထိ စံချိန်တင်ကာ အနိုင်ရထားပြီး ၂၀၁၅ ခုနှစ်က ၉၅ ရာနှုန်းနဲ့ နိုင်ခဲ့သလို ၂၀၂၀ မှာတော့ ၉၈ ရာနှုန်းအထိ မဲနိုင်နေပြီလို့ ပြောပါတယ်။

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ကတော့ နိုဝင်ဘာလ ၉ ရက် ညနေပိုင်းက မီဒီယာတွေနဲ့တွေ့ဆုံပြီး ကြံခင်းမြို့နယ်မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိ ထားတယ်လို့ ကြေညာထားပါတယ်။

တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးမှသာ အတည်ပြုလို့ရမှာဖြစ်ပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013