
ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုးလ်ပါးမားဟာ ဒဏ်ရာပြဿနာတွေကြောင့် စခန်းဝင် လေ့ကျင့်ပွဲ တွေကို ခဏခဏ လွဲချော်နေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် အခွင့်အရေးတွေကို အလဟဿ အဆုံးရှုံးခံနေတယ်လို့ နည်းပြ တူးချယ်လ်က ပြောလိုက်ပါတယ်။
ပါးမားဟာ ဒဏ်ရာနဲ့ ကစားနေရတာကြောင့် အင်္ဂလန်အသင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အပြစ်မဆိုလိုပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ရေးစခန်း မဝင်နိုင်ရင် ခြေစွမ်းပြသဖို့ အခွင့်အရေး လွတ်ကင်းသွားမှာဖြစ်တယ်လို့ တူးချယ်လ်က ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် ပါးမားဟာ တူးချယ်လ် နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက်ပိုင်း အင်္ဂလန် အသင်းမှာ ၃ ပွဲပဲ ပါဝင်ကစားရသေးသလို လက်ရှိမှာလည်း ကုသမှုအစီအစဉ်အတိုင်း လေ့ကျင့်ဖို့ ပြည်ပကို ထွက်ခွာသွားပါတယ်။
Photo:Reuters










