DVB Logo
Home
မြန်မာသတင်း
ဇေယျာသီရိမြို့နယ်၌ ရေတွက်ပြီးသမျှ မဲရလဒ်အရ အန်အယ်လ်ဒီ အသာရနေ 
DVB
·
November 8, 2020
ဇေယျာသီရိမြို့နယ်၌ ရေတွက်ပြီးသမျှ မဲရလဒ်အရ အန်အယ်လ်ဒီ အသာရနေ 
Donate to DVB

နေပြည်တော် တပ်နယ်မြေ၊ ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်မှာ စုစုပေါင်း မဲရုံ ၇၄ ရုံ ရှိတဲ့အနက် မဲရုံ ၄၇ ရုံရဲ့ ဆန္ဒမဲလက်မှတ်တွေ ရေတွက်ပြီးချိန်မှာ  ပြည်သူ့လွှတ်တော်နေရာအတွက်    အန်အယ်လ်ဒီပါတီက  မဲ ၁,၈၀၀ လောက် အသာရနေတယ်လို့ သိရပါတယ်။

တပ်မဲရုံ ၁၁ ရုံအပါအဝင် မဲရုံ ၄၇ ရုံက မဲတွေကို ရေတွက်မှုအပြီးမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း  ဒေါက်တာမိုးဆွေက  ၁၉,၂၇၀ မဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးက ၁၇,၄၈၀ မဲ ရရှိနေပြီး အန်အယ်လ်ဒီပါတီက မဲ ၁,၇၉၀ အထိ အသာရရှိနေတာဖြစ်ပါတယ်။

 ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈၀,၀၀၀ ကျော်ရှိနေတဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ တပ်မတော်သား မဲပေးခွင့်ရှိသူက ၂၀,၀၀၀ လောက်ရှိနေပြီး ရေတွက်ဖို့ကျန်နေသေးတဲ့ မဲရုံ ၂၇ ရုံ ရှိပြီး ဒီအထဲမှာ တပ်မဲရုံ ၅ ရုံလည်း ကျန်နေသေးတာဖြစ်ပါတယ်။

ဇေယျာသီရိမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ မှာလည်း အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ကျန်ပါတီတွေက ကိုယ်စားလှယ်လောင်းတွေထက် အသာရရှိနေတယ်လို့လည်း သိရပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် ကြံ့ခိုင်ရေးပါတီ အနိုင်ရထားတဲ့ နယ်မြေဖြစ်ပါတယ်။ 

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013