DVB Logo
Home
နိုင်ငံတကာ
ချီလီ သမ္မတရွေးကောက်ပွဲ မဲရလဒ် အဖြေမထွက်သဖြင့်  ထပ်ပြိုင်ရမည်
DVB
·
November 17, 2025
ချီလီ သမ္မတရွေးကောက်ပွဲ မဲရလဒ် အဖြေမထွက်သဖြင့်  ထပ်ပြိုင်ရမည်
Donate to DVB

ချီလီနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ မဲရလဒ် ပြတ်သားခြင်း မရှိခဲ့တဲ့အလျောက် လက်ယာစွန်းနဲ့ လက်ဝဲစွန်းဝါဒီ  ကိုယ်စားလှယ်လောင်း ၂ ယောက်ကြား နောက်တကြိမ် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ပထမအကျော့ ရွေးကောက်ပွဲကို ကျင်းပပြီးနောက် လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဒုတိယအကျော့ ပြုလုပ်သွားမှာပါ။

အစောပိုင်းရလဒ်တွေမှာ အာဏာရ ညွန့်ပေါင်းအဖွဲ့ထဲက ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဂျနတ်ဟာရာကို ဆန္ဒမဲ ၂၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် လက်ယာစွန်းဝါဒီတယောက် ဖြစ်တဲ့ ဟိုဆေး အန်တိုနီယို ကတ်စ်က ဆန္ဒမဲ ၂၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ကပ်လျက်ရပ်တည်နေတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဟာရာက တယောက်တည်းသော လက်ဝဲယိမ်း ကိုယ်စားလှယ်လောင်း ဖြစ်တာကြောင့် ကတ်စ်အနေနဲ့ လက်ယာယိမ်း ကိုယ်စားလှယ်တွေကြား မဲကွဲနေမှုကိုသာ စုစည်းနိုင်ခဲ့ရင် အသာစီးပြန်ရနိုင်ခြေ ရှိပါတယ်။

အဲဒီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာလည်း ကိုယ်စားလှယ်လောင်း ၂ ယောက်ဟာ ရာဇ၀တ်မှုနဲ့ ရွှေ့ပြောင်းအခြေချမှု နှိမ်နင်းရေး အပါအဝင် အကျဉ်းထောင်အသစ်တွေ တည်ဆောက်ဖို့အတွက်ပါ ကတိပြုထားပါတယ်။

ဒါကြောင့် ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ဝါဒရေးအရ အစွန်းရောက်တဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက်ထဲက တယောက်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

တဖက်မှာ ဟာရာက ကွန်မြူနစ်ပါတီဝင် ဖြစ်ပေမဲ့လည်း ဗဟိုလက်ဝဲယိမ်းအဖြစ်သာ သူ့ကို ရှုမြင်ကြတဲ့အပြင် လူမှုဖူလုံရေးနဲ့ အလုပ်သမားရေးရာဝန်ကြီး နေရာမှာပါ တာဝန်ယူခဲ့ဖူးပါတယ်။

ကွန်ဆာဗေးတစ် ရှေ့နေတယောက်ဖြစ်တဲ့ ကတ်စ် ကတော့ လွှတ်တော်အမတ်တာဝန်ကို ၁၆ နှစ်တာ ထမ်းဆောင်ခဲ့ဖူးပါတယ်။

၂၀၂၁ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂါဘရီရယ် ဘိုးရစ်ကို ကတ်စ်က ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် တတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။

အခုတခေါက်မှာ ချီလီနိုင်ငံက မဲပေးပိုင်ခွင့်ရှိသူ အားလုံးကို စာရင်းထဲ အလိုအလျောက် ထည့်သွင်းပြီး မဖြစ်မနေ မဲပေးရတဲ့ ပထမဆုံးရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။

တကယ်လို့ ကတ်စ်သာ အနိုင်သွားရင် လက်တင်အမေရိကမှ ချီလီဟာ လက်ယာဘက်ယိမ်းတဲ့ နောက်ဆုံးနိုင်ငံတခု ဖြစ်လာနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013