DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင်သက်သေခံလက်မှတ်များ မရသေးသဖြင့် မဲမပေးရမည်ကို ညောင်လေးပင်ဒေသခံများ စိုးရိမ်
DVB
·
November 7, 2020
မဲဆန္ဒရှင်သက်သေခံလက်မှတ်များ မရသေးသဖြင့် မဲမပေးရမည်ကို ညောင်လေးပင်ဒေသခံများ စိုးရိမ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့အထိ မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေ မရရှိသေးတာကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်မြို့၊ မြို့မ (၅) ရပ်ကွက်က ကြိုတင်မဲပေးခွင့်ရှိသူ အသက် ၆၀ နဲ့အထက် သက်ကြီးဘိုးဘွားတွေ ကြိုတင်မဲပေးပိုင်ခွင့် မရရှိတာတွေရှိပြီး မဲဆန္ဒရှင်မိသားစု တချို့မဲဆန္ဒရှင်တွေ သက်သေခံ လက်မှတ်မရရှိကြတာတွေကြောင့် မဲပေးခွင့်ဆုံးရှုံးမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ဒေသခံတဦးက​​​ “မနက်ဖြန်မနက် မဲပေးတဲ့အချိန်မှာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်မပါဘဲ မှတ်ပုံတင်နဲ့မဲ လာပေးလို့ တားဆီးမှုတွေဖြစ်လာရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲအချိန် အဲဒီပြဿနာကို ဘယ်သူတာဝန်ယူမှာလဲ။ ခုဟာက ရပ်ကွက်ရာအိမ်မှူးတွေက ပဲပေးမလို၊ ကော်မရှင်ကပဲ ပေးမလိုနဲ့ ကပ်တွက်နေကြတယ်။” လို့ ပြောပါတယ်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို မနေ့ကတည်းက ကော်မရှင်အဖွဲ့တွေက အပိုင်းအလိုက် ဝေမလို့ ယူသွားကြပြီး ဝေပြီးပြီလို့ ပြောကြတယ်လို့ မြို့မ (၅) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောပါတယ်။ 

မဲဆန္ဒရှင် သက်သေခံ လက်မှတ်မရတာဟာ မဲစာရင်းမှာ မပါဝင်တဲ့သူတွေဖြစ်နိုင်ပြီး မဲစာရင်းမှာပါပြီး မဲဆန္ဒရှင်လက်မှတ် မရသေးပါက အပိုင်ရာအိမ်မှူးတွေ၊ ကော်မရှင်တွေနဲ့ ဆက်သွယ်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ကြိုတင်မဲကို အာရုံစိုက်နေရတာကြောင့် မဲဆန္ဒရှင်သက်သေခံလက်မှတ် လိုက်ဝေရာမှာ နောက်ကျနေရတာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲဝင် ဦးလှမြင့်က ပြောပါတယ်။

“အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ရှိ​ပေမယ့် မဲစာရင်းမှာ မပါဝင်တာကို ညွှန်ကြားချက်တစုံတရာ မရမချင်း မဲပေးခွင့်ရဖို့ ထည့်ပေးလို့ မရနိုင်တော့ဘူး။”

ညောင်လေးပင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆၄၀၀၀ ကျော်ရှိပြီး ပါတီ ၈ ခုက ကိုယ်စားလှယ် ၂၆ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦးတို့က ဝင်ရောက် အရွေးခံမှာဖြစ်ပါတယ်။ 

ညောင်လေးပင်မြို့နယ်မှာ ကြိုတင်မဲပေးခွင့်ရှိသူ သက်ကြီးဘိုးဘွား ၂၂၀၀၀ ကျော်ရှိပါတယ်။ ပထမအကြိမ် မဲပေးခွင့်ရသူ အသက် ၁၈ ပြည့်ပြီးလူငယ် ၂၀၆၄၈ ရှိပြီး မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃၁၅ ဦးရှိပါတယ်။

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာတော့ မဲစာရင်းမှာ မပါဝင်တဲ့သူတွေကို မှတ်ပုံတင်မူရင်းနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံပါက မဲပေးခွင့်ရရှိဖူးပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013