DVB Logo
Home
မြန်မာသတင်း
သန်လျင် သဘာဝတရားရိပ်သာ၌ ၃ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၀ ကျော်ရှိလာ
DVB
·
November 2, 2020
သန်လျင် သဘာဝတရားရိပ်သာ၌ ၃ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၀ ကျော်ရှိလာ
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သဘာဝတရားရိပ်သာမှာ  ၃ ရက်အတွင်း ကိုဗစ်-၁၉ ရှိမရှိ လူဦးရေ ၁၂၀၀ ကျော်ကို စစ်ဆေးရာမှာ သံဃာ၊ သီလရှင် နဲ့ ဘိုးဘွားတွေအပါအဝင် ၂၆၀ ကျော်မှာ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။

သဘာဝတရားရိပ်သာက သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာကြောင့် ရိပ်သာက လူ ၁၂၀၀ ကျော်ကို  စစ်ဆေးခဲ့တာပါ။

အဲဒီပိုးတွေ့လူနာတွေထဲမှာ သံဃာ ၁၅ ပါး၊ သီလရှင် ၁၆ ပါးနဲ့ ဘိုးဘွား လူနာတွေ ပါဝင်တယ်လို့ ဆရာလေး စာဂဝတီက မိန့်ပါတယ်။

သဘာဝတရားရိပ်သာမှာ လူဦးရေ ၄၀၀၀ ကျော်ရှိပြီး လက်ရှိမှာ ၁၂၀၀ ကျော်ကို စစ်ဆေးပြီးဖြစ်ပြီး နောက်ရက်တွေမှာလည်း ဆက်လက်စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပိုးတွေ့လူနာတွေကို ကိုဗစ်ကုသရေးစင်တာနဲ့ မြို့နယ်ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ပြောပါတယ်။

သဘာဝတရားရိပ်သာက အဆောင်တွေကိုလည်း လော့ဒေါင်းချထားတာတွေ ဆောင်ရွက်နေသလို ရိပ်သာစားသောက်ရေးအတွက် အပြင်ထွက် ဆောင်ရွက်ရမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ပိုးမတွေ့တဲ့သူတွေကိုလည်း သီးသန့်အဆောင်တွေမှာ ထားတယ်လို့‌ ပြောပါတယ်။ 

ဒါ့အပြင် ရိပ်သာကို အပြင်လူဝင်ထွက်တာ တားမြစ်ထားပြီး အလှူရှင်တွေ လှူဒါန်းတာကိုလည်း ပြင်ပအလှူခံဌာနကိုပဲ တိုက်ရိုက်လှူနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013