DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းမြို့နယ်တွင် ပါတီတချို့၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရ
DVB
·
November 2, 2020
ဖားဆောင်းမြို့နယ်တွင် ပါတီတချို့၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရ
Donate to DVB

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာမှာ အောက်တိုဘာ ၃၀ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ၂ ခု အပါအဝင် ပါတီတချို့ရဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုခါးလို ကျေးရွာ ရပ်ကွက်သစ် (အောင်ချမ်းသာ ရပ်ကွက်) နဲ့ အောက်ရွာတွေမှာ ထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ၂ ခု ဖျက်ဆီးခံရတာလို့ ဖားဆောင်းမြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောသီဟဲက ပြောပါတယ်။

“တခုက အောက်ရွာမှာ၊ တခုက အောင်ချမ်းသာ (ရပ်ကွက်) မရောက်ခင်မှာရှိတယ်။ ဒီက တခုကတော့ နွားကြောင့်ဖြစ်ပါလိမ့်မယ်။ နွားက အဲဒီတိုင်ကို သွားပတ်မိတော့ ရုန်းတဲ့အခါကျတော့ တိုင်ကလှဲတာဖြစ်လိမ့်မယ်။ နောက်တခုကတော့ အတိအကျမသိဘူး အောက်ရွာတခုက။”

အဆိုပါ ဆိုင်းဘုတ် ၂ ခုမှာ ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်နှင်းရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောသီဟဲ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမြရွှေတို့ရဲ့ ရုပ်ပုံပါ  ဆိုင်းဘုတ်တွေဖြစ်ပါတယ်။

မော်ချီးကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ဦးဝင်းချိုက “ကျိုးကြေနေတာပဲ။ ဗီနိုင်းတွေလည်း အကုန်လုံး ပျက်စီးသွားတာ။ လွှရာတွေ၊ ဓားရာတွေတော့ မတွေ့ဘူး။ လက်နဲ့ချိုးဖျက်ထားတဲ့ပုံတွေ၊ ဒီက သက်ဆိုင်ရာပါတီအဖွဲ့တွေလည်း စုံစမ်းတာပဲ စုံစမ်းလို့မရဘူး။ ဘယ်သူ ဖျက်မှန်းမသိတော့လည်း မတိုင်ကြဘူးဗျာ။”

ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ် ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြိး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတာ မရှိဘူးလို့လည်း ပြောပါတယ်။

အဲဒီနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် အပါအဝင် အောင်ချမ်းသာရပ်ကွက်နဲ့ ဇီပင်ကွေ့ကြားက အမျိုးသားနိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ (DNP) ဆိုင်းဘုတ်နဲ့ မော်ချီးအမှတ်-၂ တပ် နဲ့ ဘူလော်ဘယ်သွားလမ်းကြားက ထောင်ထားတဲ့ ကရင်အမျိုးသားပါတီ (KNP) ပါတီဆိုင်းဘုတ်လည်း ပျက်စီးနေတာ တွေ့ရှိရကြောင်း ပါတီကိုယ်စားလှယ်လောင်းတွေက ပြောဆိုပေမယ့် ဘာကြောင့် ပျက်စီးလဲဆိုတာကို အတိအကျ မသိရတဲ့အတွက် တိုင်ကြားတာတွေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဖားဆောင်းမြို့နယ်မှာ မဲဆန္ဒနယ် အမှတ် ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီ ၈ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဖားဆောင်းမြို့နယ်မှာ မဲဆန္ဒနနယ် အမှတ်-၁  နဲ့ အမှတ်-၂ တို့မှာ မဲရုံ ၁၇ ရုံထားရှိပြီး မဲပေးခွင့်ရှိသူ ဦးရေ ၁၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013