DVB Logo
Home
မြန်မာသတင်း
ကယားတွင် ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့၊ အတည်ပြုလူနာ ၉ ဦးရှိလာ
DVB
·
November 2, 2020
ကယားတွင် ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့၊ အတည်ပြုလူနာ ၉ ဦးရှိလာ
Donate to DVB

ကယားပြည်နယ်မှာ  နိုဝင်ဘာ ၁ ရက်နေ့က ကုန်တင်ယာဉ်နောက်လိုက်တဦးမှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၉ ဦးရှိလာပြီလို့ သိရပါတယ်။

ကယားပြည်နယ်ကို ဝင်ရောက်လာတဲ့ ကုန်ကား ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၅၂ ဦးကို နိုဝင်ဘာ ၁ ရက်နေ့က လွိုင်ကော်မြို့၊ ဝါရီကောခူ အ.ထ.က ကျောင်းဝန်းအတွင်းရှိ ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT) နဲ့ စစ်ဆေးရာမှာ ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ရောဂါပိုးတွေ့ရှိသူဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က  RDT Test နဲ့ စစ်ဆေးရာမှာ Negative အဖြေထွက်တာကြောင့် လွိုင်ကော်မြို့ကနေ မန္တလေးမြို့ကို ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့  မန္တလေးမြို့ကနေ  ယာဉ်မောင်းနဲ့ ကုန်တင်ပြီး ပြန်လာခဲ့တာ ဝါရီကောခူ ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို ၃၀ ရက်နေ့ ညနေက ရောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြန်လည်ထွက်ခွာဖို့ Tast Kit နဲ့ စစ်ဆေးစဉ် Positive အဖြေထွက်တာဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာနဲ့ ဆက်စပ်မှုရှိသူ ယာဉ်မောင်း/ယာဉ်နောက်လိုက် ၄ ဦးကို စစ်ဆေးရာမှာ ပိုးမတွေ့ပေမဲ့ လိုင်ကော်မြို့ နတလ ကွာရန်တင်းစင်တာကို ပို့ဆောင်ပြီး  Swab  ထပ်မံ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာရဲ့ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်ကို ပြောင်းရွှေ့ကုသပေးနေပါတယ်။

ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ကိုဗစ် - ၁၉ အတည်ပြုလူနာ ၉ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပထမဆုံး ပိုးတွေ့လူနာကတော့ ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ အောက်တိုဘာ ၃၁ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013