DVB Logo
Home
မြန်မာသတင်း
သန်လျင်သဘာဝတရားရိပ်သာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၀ ကျော်ရှိလာ
DVB
·
November 1, 2020
သန်လျင်သဘာဝတရားရိပ်သာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၀ ကျော်ရှိလာ
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သဘာဝတရားရိပ်သာ (သန်လျင်) မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်နေပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ကူးစက်ခံလူနာ စုစုပေါင်း ၁၅၅ ယောက် ရှိပြီလို့ သိရပါတယ်။ 

ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးနေတာကတော့ ၄ ရက်လောက်ရှိပြီလို့လည်း သိရပါတယ်။ အဲ့ဒီ ကူးစက်ခံလူနာတွေထဲမှာ ရိပ်သာမှာရှိတဲ့ ဘိုးဘွားတွေလည်း ပါဝင်သလို ကျန်းမာရေးမကောင်းသူ၊ စိတ်ရောဂါဝေဒနာ ခံစားနေရသူတွေလည်း ပါဝင်နေတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောပါတယ်။ 

ကူးစက်ခံဘိုးဘွားတော်တော်များများဟာ ရောဂါအခံရှိသူတွေဖြစ်ပြီး လက်ရှိမှာတော့ အားလုံးကျန်းမာရေးကောင်းနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီရိပ်သာမှာရှိတဲ့ ရဟန်သံဃာတွေ၊ သီလရှင်တွေ၊ ဘိုးဘွားတွေအားလုံးနီးပါးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရမယ့် အခြေအနေမျိုးရှိနေပြီး လူဦးရေ ၁ ထောင်ကျော်လောက်ကိုတော့ စစ်ဆေးထားတယ်လို့လည်း သိရပါတယ်။ 

သန်လျင်သဘာဝတရားရိပ်သာမှာ ကျန်းမာရေးမကောင်းသူတွေ၊ ရောဂါအခံရှိသူတွေလည်း ရှိနေသလို နေ့စဉ်လူအဝင်အထွက်တွေက များတဲ့အတွက် ကူးစက်ပြန့်ပွားမှုက စိုးရိမ်စရာအခြေအနေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

သဘာဝတရားရိပ်သာကိုတော့ လက်ရှိမှာ semi lockdown လုပ်ထားမှာဖြစ်ပြီး ရိပ်သာတွင်းမှာ နေထိုင်သူတွေကတော့ ၄၀၀၀ ကျော်ရှိနေပါတယ်။

 သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013