DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ အခြေခံလူတန်းစားများ အလုပ်အကိုင်ရှားပြီး စားဝတ်နေရေး ခက်ခဲ
DVB
·
November 1, 2020
ကိုဗစ်-၁၉ အခြေခံလူတန်းစားများ အလုပ်အကိုင်ရှားပြီး စားဝတ်နေရေး ခက်ခဲ
1 / 5
Donate to DVB

ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကြာလာတာနဲ့အတူ  အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်ပိုရှားပါးလာပြီး စားဝတ်နေရေးအခက်အခဲရှိလာတယ်လို့ သိရပါတယ်။ 

အနှေးယာဉ်လုပ်သားတွေဟာ ကိုဗစ် မဖြစ်ခင်က တစ်ရက်ကို ပုံမှန်ဝင်ငွေ ကိုးထောင်၊ တစ်သောင်းအထိ ရှာနိုင်ပေမယ့် အခုအချိန်မှာတော့ သုံး၊ လေးထောင်လောက်ပဲ ရှာနိုင်တာကြောင့် တစ်ပတ်ကို အသားဟင်းတခွက်စားရဖို့တောင် အခက်အခဲရှိလာတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အနှေးယာဉ်လုပ်သားတွေက ပြောပါတယ်။ 

အနှေးယာဉ်လုပ်သား ကိုရှမ်းလေးက “ဒီရောဂါဆိုး​ကြီးကြောင့် ဆိုက်ကားငှားစီးတဲ့သူတွေလည်း မရှိသလောက်ပဲ၊ ကျနော်တို့လို လက်လုပ်လက်‌စားတွေအတွက် ရိုက်ခတ်မှုပိုပြင်းပါတယ်” လို့ ပြောပါတယ်။



အနှေးယာဉ်လုပ်သား ဦးမြင့်လွင်က “နှာခေါင်းစည်း စည်းထားတယ်ဆိုတာ အင်မတန်မောတာ၊ မောလည်းပဲ မိမိ မိသားစုရဲ့စားဝတ်နေရေးအတွက် ချွေးပြိုက်ပြိုက်ကြအောင် လုပ်နေရတာပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ တည်ပြုလူနာပေါင်း ၅ သောင်းကျော် ရှိနေပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ မြို့နယ်ကို stay at home သတ်မှတ်ထားသလို ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အမိန့်ကြေညာချက်နဲ့ ညွှန်ကြားချက်တွေကိုလည်း နိုဝင်ဘာလ ကုန်အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒီအခြေအနေတွေကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ တက္ကစီတွေလည်း ဈေးဦးမပေါက်တဲ့ ရက်တွေ ရှိလာတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။



တက္ကစီယာဉ်မောင်း ဦးဝင်းနိုင်က “ပထမလှိုင်းတုန်းက သွားလာခွင့်တွေမပိတ်တော့ ကားဆွဲလို့ရသေးတယ်။ ဒုတိယလှိုင်းမှာ အပိတ်၊ အဆို့တွေများလွန်းတော့ ခရီးသည်လည်း မရှိဘူး၊ ကားဆွဲလို့လည်း မကောင်းတော့ဘူး” လို့ ပြောပါတယ်။

 

အသီးအနှံရောင်းသူတွေတွေလည်း အရင်ကရောင်းနိုင်တဲ့ ပမာဏရဲ့ ထက်ဝက်လောက်သာ ရောင်းအားရှိပြီး လူတွေက အရင်တုန်းကလောက် အပြင်မထွက်တော့တာကြောင့်  အရောင်းအဝယ်ပါးတယ်လို့ ပြောပါတယ်။



သစ်သီးသည် ဒေါ်သန္တာက “Stay home ကာလဖြစ်တော့ အပြင်မထွက်ကြတော့ အရောင်းအဝယ်တွေပါးတယ်။ ဒီရောဂါဆိုးကြီးသာ အမြန်ပြီးစေချင်ပါတယ်” လို့ ပြောပါတယ်။

ကိုဗစ်ပထမလှိုင်းဖြစ်တုန်းက အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို စာရင်းကောက်ပြီး အခြေခံစားသောက်ကုန် ၅ မျိုးကူညီခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ အစိုးရက ငွေကြေးထောက်ပံ့မှုတချို့ပြုလုပ်ခဲ့ပေမယ့် အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်မဲ့ ပမာဏတော့ မဟုတ်ခဲ့ပါဘူး။ 

အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013