DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်အချို့  မိုးဆက်ရွာနိုင်ဟု မိုးဇလထုတ်ပြန်
DVB
·
November 1, 2020
တိုင်းနှင့်ပြည်နယ်အချို့  မိုးဆက်ရွာနိုင်ဟု မိုးဇလထုတ်ပြန်
Donate to DVB

တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ နောက်တပတ်လောက်အထိ မိုးရွာနေနိုင်သေးပြီး မနက်ပိုင်းမှာ မြူထူတွေ ဆိုင်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ၅ ရက်ကနေ ၇ ရက်လောက်အထိ၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကရင်ပြည်နယ်တို့မှာတော့ ၂ ရက် ကနေ ၄ ရက်လေက်အထိ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလအတွက် ခန့်မှန်းထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲလောက်ပဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်နိုင်တယ်လို့ ဆိုပြီး ဒီမနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း မြန်မာ့ကမ်းလွန်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေဆီကို ရွေ့လျားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြူအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၅ ရက် ကနေ ၇ ရက်လောက်၊ နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ၂ ရက်ကနေ ၄ ရက်လောက် မနက်ပိုင်းတွေမှာ မြူထူတွေ ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013