DVB Logo
Home
မြန်မာသတင်း
တရုတ်ကို ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များ ဆန္ဒမဲပေးရန် အခက်အခဲရှိ
DVB
·
October 31, 2020
တရုတ်ကို ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များ ဆန္ဒမဲပေးရန် အခက်အခဲရှိ
Donate to DVB

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲပေးမယ့် နေရာဒေသမှာ အနည်းဆုံး ရက်ပေါင်း ၉၀ နေထိုင်သူတွေမှသာ မဲပေးလို့ရတာကြောင့် မူဆယ် ၁၀၅ မိုင်ကနေ ကျင်ဆန်းကျော့နဲ့ မန့်ဝိန်းဂိတ်တွေကနေ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ စောင့်နေတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်အချို့ အခက်အခဲ ရှိနေပါတယ်။ 

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲ ပေးချင်ပေမဲ့ ကုန်ပို့ပြီး နေရပ်ပြန်ရင် အချိန်မမီနိုင်တော့တာကြောင့် မဲပေးဖို့ အဆင်မပြေနိုင်တော့ဘူးလို့ တရုတ်နိုင်ငံဘက်ကို ပစ္စည်းတင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ တောင်သာမြို့နယ် ဆမီးခံက ယာဉ်မောင်း ကိုဂျင်ဘိုက DVB ကို ပြောပါတယ်။ 

ပထမဆုံး မဲ​ပေးရမယ့်သူဖြစ်​လို့ မဲအရမ်း​ပေးချင်​ပေမယ့် ဂျူတီရပြီး ကားစ တန်းခါစမို့ ဘယ်လိုမှ ​ရွေး​ကောက်ပွဲမမီနိုင်ပဲ ၅ နှစ်မှတကြိမ် အခွင့်အ​ရေးရတာကို လက်လွှတ် ဆုံးရှုံးရ​တော့မယ်လို့ ယာဥ်​​နောက်လိုက်ဖြစ်သူ ​မောင်​မောင်က DVB ကို​ပြောပါတယ်။

ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲ​ပေးမည့် ​နေရာ​ဒေသမှာ အနည်းဆုံး ရက်​ပေါင်း ၉၀ နေထိုင်သူမှသာ မဲ​​ပေးလို့ရတာ​ဖြစ်ပြီး ကားတန်းရတာက အကြာဆုံး ၁ လ ​ကျော်​လောက်သာ ရှိ​နေတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မူဆယ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ အတွင်း​ရေးမှူး ဦး​အောင်​ကျော်စိုးက DVB ကို ​ပြောပါတယ်။

တန်းစီစောင့်ဆိုင်းနေတဲ့ ကားမားတွေထဲမှာ တရုတ်ဘက်ကို ကုန်စည်တင်ပို့ပြီး နေရပ်ပြန်တဲ့အခါ အချိန်မီတဲ့အတွက် မဲပေးနိုင်တဲ့သူတွေလည်း ရှိပါတယ်။ 

ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားသမားတွေကတော့ မဲပေးနိုင်မှာ မဟုတ်ပါဘူး။ 

တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ကုန်တင်ပို့တဲ့ကားတွေကို ယာဉ်မောင်းအစားထိုး မောင်းနှင်တဲ့စနစ် ပြောင်းလဲ သတ်မှတ်ထားတာကြောင့် ၁ ရက်ကို ပျှမ်းမျှ အစီးရေ ၅၀ ဝန်းကျင်သာ ကုန်စည်တင်ပို့နိုင်ပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံဘက်မှာ ကားတွေက အချိန်ပေးပြီး တန်းစီစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013