DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်တိုး၊ စုစုပေါင်း ၆၆၇ ဦးရှိလာ
DVB
·
October 31, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်တိုး၊ စုစုပေါင်း ၆၆၇ ဦးရှိလာ
Donate to DVB

မကွေးတိုင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့ ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်း တောင်တွင်းကြီးမှာ ၅ ဦး၊ နတ်မောက် ၂ ဦး၊ ပေါက် ၂ ဦး၊ စလင်း ၂ ဦး၊ အောင်လံက ၂ ဦး၊ မကွေးနဲ့ ပခုက္ကူမြို့တို့က ၁ ဦးစီတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ပိုးတွေ့လူနာတွေအနက် မကွေး ၁ ဦး၊ စလင်း ၁ ဦးနဲ့ အောင်လံက ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသောကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ကပြန်လာပြီး Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။

အောင်လံမြို့က အတည်ပြုလူနာ နောက် ၁ ဦးကတော့ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်လို့ စစ်ဆေးရာက ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၆၆၇ ဦးရှိပြီး တိုင်းအတွင်း ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေတဲ့ လက်ရှိလူနာစုစုပေါင်း ၃၀၀၊ ဆေးရုံဆင်းခွင့်ရသူ ၃၆၇ ဦးရှိပြီး သေဆုံးလူနာတော့ မရှိသေးဘူးလို့ဆိုပါတယ်။ ကျန်းမာရေးကောင်းမွန်လို့ လူနာ ၃ ဦး ဆေးရုံက ဒီနေ့ ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မကွေးတိုင်းမှာ ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့သူတွေမှာ ပိုးတွေ့မှု ထပ်တိုးလာတာကြောင့် တိုင်းအတွင်းက ပြည်သူတွေ အထူးဂရုပြုဆင်ခြင်ကြဖို့လည်း မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013