DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၄၆၆ ဦးတွင် သင်္ဃန်းကျွန်းမြို့နယ်က ၁၉၂  ဦးဖြင့် အများဆုံးပါဝင်
DVB
·
October 28, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၄၆၆ ဦးတွင် သင်္ဃန်းကျွန်းမြို့နယ်က ၁၉၂  ဦးဖြင့် အများဆုံးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၆၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁,၀၉၂ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သင်္ဃန်းကျွန်းမြို့နယ်က ၁၉၂ ယောက်၊ မြောက်ဥက္ကလာပက ၉၂ ယောက်နဲ့ အများဆုံးတွေ့ရှိပြီး စုစုပေါင်း မြို့နယ် ၄၁  မြို့ နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၄ ခုမှာ  ၆၄ ယောက်၊ မန္တလေးတိုင်းမြို့နယ်  ၁၄ ခုမှာ ၄၉ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၅၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုမှာ ၃၅ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၀ ခုမှာ ၁၀၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၅ ယောက်၊ ကရင်ပြည်နယ် မြဝတီမြို့မှာ ၂ ယောက်၊ နေပြည်တော် မြို့နယ် ၆ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၂၃ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၃ ခုမှာ ၃  ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၃၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၄၇,၆၆၆ ယောက်၊ သေဆုံးသူ ၁,၁၄၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၂၇,၃၇၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၂ ဒသမ ၄ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013