DVB Logo
Home
မြန်မာသတင်း
Lockdown ဖြေလျှော့ပေးရန် ဆန္ဒပြခဲ့သည့် တောင်ပြိုကျေးရွာကို ဆန်အိတ် ၄၈၀ လှူဒါန်း 
DVB
·
October 28, 2020
Lockdown ဖြေလျှော့ပေးရန် ဆန္ဒပြခဲ့သည့် တောင်ပြိုကျေးရွာကို ဆန်အိတ် ၄၈၀ လှူဒါန်း 
Donate to DVB

စားဝတ်နေရေး အခက်အခဲကြုံနေတာကြောင့် Lockdown ချထားတာ ပြန်ဖြေလျှော့ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာကို မြို့နယ်ကျောက်မျက်လုပ်ငန်းရှင်းအသင်းက ၆ ပြည်ပါ ဆန်အိတ် ၄၈၀ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဝမ်းက “တောင်ပြိုမှာရှိတဲ့  ပြည်သူလူထုတွေအတွက် ဒီနေ့ ဆန်အိတ်ပေါင်း ၄၈၀ လှူဒါန်းခဲ့ပါတယ်။ ဒါက လုံလောက်တယ်လို့တော့ မဟုတ်ပေမဲ့ ကျနော်တို့ နိုင်သလောက် တစိတ်တဒေသ ပါဝင်ကူညီတာ” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု များလာတာကြောင့် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာအား ကချင်ပြည်နယ်အစိုးရက Lockdown ချထားထားတာဖြစ်ပြီး စားဝတ်နေရေး အကျပ်အတည်းကြောင့်  ပြန်လည်ဖြေလျှော့ပေးဖို့ ဒေသခံ ထောင်ချီ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာာပါ။ 

တောင်ပြိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက “မနေ့ကဖြစ်ခဲ့ရတဲ့ ဆန္ဒပြတာတွေဟာ စားဝတ်နေရေး မပြေလည်ကြတော့တဲ့အတွက်ကြောင့် အဓိကဖြစ်တာ။ အချို့က လှူဒါန်းမှုတွေရှိလို့ စားဝတ်နေရေး ပြေလည်ပြီလို့ ထင်ကြတယ်။ ကျေးရွာကို Lockdown ချထားပါတယ်ဆိုမှ ဘယ်လိုလုပ် ဒါတွေ ပြေလည်မလဲ” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၅ ဦးရှိလာတဲ့အတွက် ကချင်ပြည်နယ်အစိုးရက အောက်တိုဘာ ၂ ရက်ကနေ ဒီနေ့ထိ Lockdown ချထားဆဲ ဖြစ်ပါတယ်။

ကျေးရွာမှာ အိမ်ထောင်စု ၄၇၀ ကျော်၊ လူဦးရေ ၁၇၀၀ ကျော် နေထိုင်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

သတင်း - ထူးထူး(ဘိုကလေး)၊ ဓာတ်ပုံ - ဖားကန့်မိတ်ဆွေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013