DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ကိုဗစ်လူနာ ၂ လအရွယ် ကလေး ၁ ဦးအပါအဝင် အယောက် ၄၀ ဆေးရုံဆင်း
DVB
·
October 28, 2020
မင်းလှတွင် ကိုဗစ်လူနာ ၂ လအရွယ် ကလေး ၁ ဦးအပါအဝင် အယောက် ၄၀ ဆေးရုံဆင်း
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ကိုဗစ်-၁၉ လူနာ ၂ လအရွယ် ကလေးငယ် အပါအဝင် အယောက် ၄၀ ရောဂါပျောက်ကင်းသွားတာကြောင့် အောက်တို ၂၇ ရက်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အောက်တို့ဘာ ၁၈ ရက်နေ့က ဓာတ်ခွဲနမူနာ ၂၅၀ ပေးပို့စစ်ဆေးရာ ၂ လအရွယ်ကလေး  ၁ ဦး အပါအဝင် အယောက် ၄၀ မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး မင်းလှဆေးရုံနဲ့ အိုးအိမ်ဝန်းထမ်အိမ်ရာမှာ ဆေးကုသမှုခံယူခဲ့တာပါ။ 

၂ လအရွယ် ကလေးငယ် မိန်းကလေးဟာ မိခင်နဲ့အတူ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ပြန်လာပြီးနောက် Quarantine ဝင်ပြီး ရောဂါစစ်ဆေးရာမှာ နှစ်ဦးလုံး ပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဆေးရုံဆင်းခွင့်ရရှိခဲ့တဲ့ လူနာတွေဟာ ရောဂါလက္ခဏာမပြတော့ဘဲ ပြန်လည်သက်သာလာတာ ၁၁ ရက်ပြည့်တာကြောင့် ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး နေအိမ်မှာ ၇ ရက် ထပ်မံအသွားအလာ ကန့်သတ်ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။

ဆေးရုံဆင်းလူနာတွေကို မင်းလှလူမှုကယ်ဆယ်ရေးအသင်း၊ ဖြူစင်မေတ္တာ ပရဟိတအသင်း၊ ကုသိုလ်ဖြစ်စေတနာရှင်ပရဟိတအသင်း၊ စိန်ကန့်လန့်လူမှု ကယ်ဆယ်ရေးအသင်း၊ ကရုဏာရှင်လူမှူကယ်ဆယ်ရေးအသင်းနဲ့ စစ်ကွင်းအသင်းတို့က ကားတွေနဲ့  နေအိမ်တွေ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ည‌နေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ဦး ရှိတဲ့အနက် ၁၀၃ ဦး ဆေးရုံဆင်းခွင့်ရရှိပြီး လူနာ ၁၄ ဦးကို ဆက်လက်ကုသပေးနေတယ်လို့ သိရပါတယ်။

သတင်း - သက်နိုင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013