DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ကာကွယ်ဆေး ထိရောက်မှု ရှိ၊ မရှိ ဒီဇင်ဘာတွင် သိရမည်
DVB
·
October 26, 2020
ကိုဗစ်-၁၉ကာကွယ်ဆေး ထိရောက်မှု ရှိ၊ မရှိ ဒီဇင်ဘာတွင် သိရမည်
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးက ဘေးကင်းလား၊ ထိရောက်မလားဆိုတာကို ဒီဇင်ဘာလအစောပိုင်းမှာ ရှင်းရှင်းလင်းလင်း သိရမယ်လို့ အမေရိကန်ကူးစက်ရောဂါ ပညာရှင် အန်ထော်နီဖောင်စီက ပြောပါတယ်။

 လူထုကြားထဲ သိသိသာသာဖြန့်ဖြူးနိုင်တာမျိုးကို ၂၀၂၁ နှောင်းပိုင်းထိ လုပ်နိုင်ဦးမယ့်ပုံ မပေါ်ဘူးလို့လည်း သူက အောက်တိုဘာ ၂၅ ရက်က ထုတ်လွှင့်တဲ့ ဘီဘီစီသတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောလိုက် ပါတယ်။

  အမေရိကန် သမ္မတလောင်းစကားရည်လုပွဲအတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြည်သူတွေ ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး ရနိုင်တယ်လို့ ပြောခဲ့တဲ့ မှတ်ချက်ကို ဖောင်စီက ခုလို တုံ့ပြန်လိုက်တာပါ။

 လူထု အချိုးအဆ တရပ်ကတော့ နောက်နှစ် ဒုတိယ ဒါမှမဟုတ် တတိယ ၃ လပတ် လောက်အထိ ကာကွယ်ဆေး ရဖို့ စောင့်ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

 အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသေဆုံးသူ ဦးရေ ၂ သိန်း ၂ သောင်းခွဲ ကျော်သွားပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013