DVB Logo
Home
မြန်မာသတင်း
ရွှေကုက္ကိုလ်စီမံကိန်းတွင် တရုတ် အပါအဝင် ဗီဇာသက်တမ်းလွန် နိုင်ငံခြားသား ၁၉၀၀ ကျော် စစ်ဆေးတွေ့ရှိ
DVB
·
October 25, 2020
ရွှေကုက္ကိုလ်စီမံကိန်းတွင် တရုတ် အပါအဝင် ဗီဇာသက်တမ်းလွန် နိုင်ငံခြားသား ၁၉၀၀ ကျော် စစ်ဆေးတွေ့ရှိ
Donate to DVB

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှာ တရုတ် အပါအဝင် ဗီဇာသက်တမ်းလွန် ပြည်ပနိုင်ငံသား ၁၉၀၀ ကျော် စစ်ဆေးတွေ့ရှိတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ အကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို စစ်ဆေးလိုက်တာမှာ နိုင်ငံ ၈ နိုင်ငံက ဗီဇာသက်တမ်းလွန် ပြည်ပနိုင်ငံသားတွေကို တွေ့ရှိရတာလို့ အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

“အခုလောလောဆယ်မှာတော့ ဒီရွှေကုက္ကိုလ်နဲ့ပတ်သက်လို့ စစ်လိုက်တော့ အဲ့ဒီမှာ ကိုဗစ်-၁၉ ကြောင့်လည်းပါတယ်။ ဗီဇာသက်တမ်းလွန် ပြည်ပနိုင်ငံသား အားလုံးပေါင်း ၁၉၀၀ ကျော်တွေ့တယ်။ အဲဒီမှာ တရုတ်နိုင်ငံသားက ၁၉၁၄ ဦး ရှိတယ်။ မလေးရှားက ၈ ယောက်ရှိတယ်။ လာအိုက ၂ ယောက် ရှိတယ်။ ဗီယက်နမ်က ၃၄ ယောက်ရှိတယ်။ ထိုင်ဝမ်က ၂ ယောက် ရှိတယ်။ ဖိလစ်ပိုင် ၁ ယောက် ပါတယ်။ ကမ္ဘောဒီယား ၂ ယောက် ပါတယ်။ သြစတြေးလျက ၁ ယောက် ပါတယ်။ အဲတော့ ရှစ်နိုင်ငံက နိုင်ငံခြားသားတွေ။ ဒါတွေကတော့ သက်တမ်းကုန်သွားတယ်လို့ စိစစ်တွေ့ရှိရတယ်။ အဲ့ဒါကို လူကြီးဆီတင်ပြပြီးတော့ ညွှန်ကြားချက်အတိုင်းဆက်လုပ်သွားဖို့ရှိတယ်” လို့ ဆိုပါတယ်။

အဆိုပါ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟာ နယ်ခြားစောင့်တပ် BGF နဲ့ ဆက်စပ်နေပြီး ဒီစီမံကိန်းနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖွဲ့ပြီး ကွင်းဆင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

“အစိုးရအဖွဲ့ရုံးဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကတော့ တက်လာပြီ။ တက်လာတဲ့အပေါ်မှာတော့ ကရင်ပြည်နယ်အစိုးရရယ် သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေက ဒီစီမံကိန်းတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ ပြန်တင်ခိုင်းထားတယ်။ တင်ခိုင်းထားတာတော့ ပြန်မလာသေးဘူး။ အဲဒါလေးပါပဲ နောက်ဆုံးအခြေအနေ” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ် မတ်လမှာ ကရင်ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ကို ထောက်ခံတင်ပြခဲ့သလို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နဲ့လည်း ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို စစ်ဆေးတာမှာ မြဝတီမြို့ပေါ်မှာ ကာစီနို ၃ ရုံနဲ့ ဂိမ်းရုံ ၁၁ ရုံကို ဆက်စပ်စစ်ဆေး တွေ့ရှိရတယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ BGFနဲ့ NCA ထိုးပြီးသားအဖွဲ့ ၂ ဖွဲ့ ပါနေတာကြောင့် BGF မှာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့အတွက် တပ်မတော်ဘက်ကို အကြောင်းကြားထားသလို NCA ထိုးပြီးသားအဖွဲ့ ၂ ဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် အသိပေးထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013