DVB Logo
Home
မြန်မာသတင်း
ကလေးဝတွင် ကျပ်သိန်းပေါင်း ၂၁၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
October 23, 2020
ကလေးဝတွင် ကျပ်သိန်းပေါင်း ၂၁၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း  ၂၁၉၈၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ ၂၃:၅၀ အချိန်က ကလေးဝမြို့နယ်၊ အောင်ချမ်းသာ ရဲကင်းစခန်းက တပ်ဖွဲ့၀င်တွေဟာ သက်သေတွေနဲ့အတူ သက္ကကျင်း-ဖောင်းပြင် လမ်းဆုံမှာ ရပ်တန့်ထားတဲ့ Wish အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးနဲ့ အမျိုးသား ၆ ဦးအား မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးမေးမြန်းစဉ် အမျိုးသား ၅ ဦးမှာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သိန္နီမြို့နယ်၊ ဟွေတောင်ကျေးရွာ အုပ်စု၊ နမ့်ခိုက်ကျေးရွာနေ ဒွဲဝေါင် ၂၂ နှစ်အား ထိန်းသိမ်းရမိခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ ဆာလာအိတ်တွေထဲကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၂၁.၉၈ ကီလို (ကာလပေါက်စျေးတန်ဖိုးငွေ ကျပ်သိန်း ၂၁၉၈၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ 

ဒွဲဝေါင်ကို ကလေးဝမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတရားခံဖမ်းဆီးရမိရေးနဲ့ ကွင်းဆက်တွေကို ဖော်ထုတ်စစ်ဆေးနေတယ်လို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013