DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာပေါင်း ၄၁,၀၀၀ ကျော်နှင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိရှိလာ
DVB
·
October 22, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာပေါင်း ၄၁,၀၀၀ ကျော်နှင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိရှိလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၁,၃၁၂ ယောက်၊ သေဆုံးသူ ၃၃ ယောက်ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း  ၄၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ ကျော်အထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက် ည ၈ နာရီမှ  ၂၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၇၇၄ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၃၁၂ ယောက်ထပ်မံ တွေ့ရှိခဲ့တာပါ။ သေဆုံးသူ ၃၃ ယောက်ထဲမှာတော့ အယောက် ၃၀ က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၇၅၉ ယောက်အား နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၁,၀၀၈ ယောက်၊ သေဆုံးသူ ၁,၀၀၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၁,၁၄၄  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013