DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် ၄ နိုင်ငံကို ထိုင်းစစ်တပ်က ရွေ့လျားဆေးစစ်ခန်းများ လှူဒါန်းမည်
DVB
·
October 22, 2020
မြန်မာအပါအဝင် ၄ နိုင်ငံကို ထိုင်းစစ်တပ်က ရွေ့လျားဆေးစစ်ခန်းများ လှူဒါန်းမည်
Donate to DVB

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မလေးရှားနိုင်ငံတွေကို ထိုင်းစစ်တပ်က ရွေ့ပြောင်းနိုင်တဲ့ဆေးစစ်ခန်း (Mobile negative pressure cabinets)   ၂၀ လှူဒါန်းသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ထိန်းချုပ်နိုင်ဖို့ ထောက်ပံ့ကူညီတာဖြစ်ပြီး ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ လူနာတွေဆီက လိုအပ်တဲ့ ဆေးစစ်မှုတွေပြုလုပ်ဖို့ ဓာတ်ခွဲနမူနာတွေ ရယူချိန်မှာ Mobile negative pressure cabinets တွေကို အသုံးပြုပြီး ဘေးကင်းစွာနဲ့  ရယူစေနိုင်မှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်ချီ ထန်ထ ရာဝါနစ်က ဒါဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ဒေသတွင်းပူးပေါင်းလုပ်ဆောင်မှု လိုအပ်ချက်ကို ထင်ဟပ်စေမှာဖြစ်တယ်လို့ အောက်တိုဘာ ၂၁ ရက်က ပြောပါတယ်။

ဆေးစစ်ခန်း တခုချင်းစီမှာတော့ ပလတ်စတစ်ဖရိန်၊ ထွင်းဖောက်မြင်နိုင်တဲ့ အကာနဲ့ အတူ ရောဂါကူးစက်မှုထိန်းချုပ်နိုင်မယ့် စနစ်ပါဝင်ကာ အိမ်နီးချင်း ၄ နိုင်ငံအနေနဲ့ သူတို့ ရဲ့ ဆေးရုံတွေမှာ အသုံးပြုနိုင်လိမ့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု တားဆီးကာကွယ်နိုင်ဖို့အတွက် အ ရေးပေါ်အခြေအနေအမိန့်ကို နောက်ထပ်တလ ထပ်မံတိုးမြှင့်သွားဖို့ရှိနေပြီး လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ အစိုးရအဖွဲ့ဆီ တင်ပြသွားဖို့ရှိနေတယ်လို့ ကိုဗစ်-၁၉ အခြေအ နေစီမံခန့်ခွဲရေးစင်တာ(စီစီအက်စ်အေ)မှ ပြောရေးဆိုခွင့်ရှိသူ တဝီဆင် ဗီဆနူယော်ထင်က ပြောပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီး သည်အုပ်စုကို အောက်တိုဘာ ၂၀ ရက်က လက်ခံ ကြိုဆိုခဲ့ပြီး အစိုးရရဲ့ ခရီးသွားလာခွင့် ဖြေလျှော့ပေးမှုနောက်မှာ နောက်ထပ်ခရီးသွားဧည့်သည်တွေ ဝင်လာတော့မှာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာ ကူလ်က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုက ကာကွယ်နိုင်ဖို့ အစိုးရအနေနဲ့ ၁၄ ရက် ကွာ ရန်တင်းစောင့်ကြည့်မှုလို ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ လုပ်ဆောင်သွားစေလိုတယ်လို့ ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ်၊ ပြီးခဲ့တဲ့ ၆ လအတွင်း လုပ်ဆောင်နိုင်ခဲ့တဲ့ ကွာရန်တင်းကို ကျနော်တို့ ယုံကြည်နေဆဲပါပဲ။ ကျနော်တို့ရဲ့ ကွာရန်တင်းစနစ်ဟာ ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်ရာမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့တာကို ပြနေတာပါပဲ။ ကွာရန်တင်းက ပြီးမြောက်ပြီးမှ ရောဂါကူးစက်ပျံ့နှံ့တာက မရှိသလောက်ပါပဲ”

ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၃,၇၀၉ ယောက်နဲ့ သေဆုံးသူအရေအတွက် ၅၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည် ပြုလူနာစုစုပေါင်း  ၃၉,၆၉၆ ယောက်၊ သေဆုံးသူ  ၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၈,၈၆၅ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Bangkokpost/ Thai Defence Ministry

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013