DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာ ၂၇ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၁၉၄ ဦးထပ်တိုး
DVB
·
October 21, 2020
ကိုဗစ်-၁၉ လူနာ ၂၇ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၁၉၄ ဦးထပ်တိုး
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ်  ၁,၁၉၄ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၂၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၂၇ ယောက်ထဲမှာ အယောက် ၂၀ က  ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၀ ရက် ည ၈ နာရီမှ  ၂၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄,၃၆၂ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၁,၁၉၄ ယောက်ထပ်မံ တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ  ၁,၄၇၇ ယောက်အား နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၃၉,၆၉၆ ယောက်၊ သေဆုံးသူ  ၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၈,၈၆၅ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013