DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၃၀၆ ဦးတွင် ရန်ကုန်က ၁,၀၀၈ ဦး၊ အနံ့မရသူ ၃၇၀ ဦး ပါဝင်
DVB
·
October 21, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၃၀၆ ဦးတွင် ရန်ကုန်က ၁,၀၀၈ ဦး၊ အနံ့မရသူ ၃၇၀ ဦး ပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၀၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁,၀၀၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ရွှေပြည်သာမြို့နယ်က ၉၂ ယောက်၊ မင်္ဂလာဒုံနဲ့ မြောက်ဉက္ကလာပမြို့နယ်တွေက ၈၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁ မြို့ နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ်  ၁၀ ခုမှာ ၇၈ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၇ ခုမှာ ၇၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၆ ခုမှာ  ၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၆၁ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ  ၂၄ ယောက်၊ ကရင်ပြည် နယ်မြို့နယ်  ၃ ခုမှာ ၅  ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်းမြို့နယ်  ၂ ခုမှာ  ၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ၃ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ 

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၇၀ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိသူထဲမှာတော့  သန်လျင်မြို့နယ်မှာ ၈ ယောက်၊ ကျောက်ကြီးမြို့နယ်မှာ ၂ ယောက်၊ အင်းစိန်မြို့ နယ်မှာ ၁ ယောက်၊ ရွှေကူမြို့နယ်မှာ ၁ ယောက် ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၃၇,၂၀၅ ယောက်၊ သေဆုံးသူ ၉၁၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၅၆၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၀ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013