DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁,၁၇၁ ဦးတွင် ရန်ကုန်က ၇၇၃ ဦးဖြင့် အများဆုံးပါဝင်
DVB
·
October 20, 2020
ကိုဗစ်-၁၉ လူနာသစ် ၁,၁၇၁ ဦးတွင် ရန်ကုန်က ၇၇၃ ဦးဖြင့် အများဆုံးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၁၇၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၇၇၃ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ကမာရွတ်မြို့နယ်က ၉၂ ယောက်၊ အင်းစိန်မြို့ နယ်က ၈၀ ယောက်၊ မင်္ဂလာဒုံမြို့နယ်က ၇၅ ယောက်၊ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၀ ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၃ ခုမှာ ၇၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၉ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၃ ခုမှာ ၁၅၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၁၃ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၃၉ ယောက်၊ မ ကွေးတိုင်းမြို့နယ် ၄ ခုမှာ ၅ ယောက်၊ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ အယောက် ၃၀၊ စစ်ကိုင်းတိုင်း မြို့နယ် ၆ ခုမှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည် နယ်မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂၅ ယောက်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ၁ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၇၄ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၁၈၀ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၃၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူနာသစ် အယောက် ၁၁၈၀ ယောက်ထဲမှာ တိုင်းဒေသကြီး/ပြည်နယ်များမှ ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်တွေကို Rapid Antigen Diagnostic Test Kit တွေနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာ အရေအတွက်တွေ ဖော်ပြရာမှာ အရင်ဖော်ပြခဲ့ပြီးဖြစ်တဲ့ ဓာတ်ခွဲနမူနာအရေအတွက် ၆,၄၅၆ ခုနဲ့ လူ နာ ၉ ယောက်ကိုပါ ထပ်မံထည့်သွင်းတွက်ချက်ခဲ့တဲ့အတွက် အောက်တိုဘာ ၁၈ ရက်ည ၈ နာရီမှ ၁၉ ရက်ည ၈ နာရီအထိ စစ်ဆေးပြီးတဲ့ ဓာတ်ခွဲနမူနာအရေအတွက် ၁၂,၆၄၇ ခုနဲ့ ဓာတ်ခွဲအ တည်ပြုလူနာဦးရေမှာလည်း ၁,၁၇၁ ယောက်သာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၃၇,၂၀၅ ယောက်၊ သေဆုံးသူ ၉၁၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၅၆၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၀ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013